မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပ

 

ရန်ကုန်   မေ   ၂၈


နဝမအကြိမ်     မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ နောက်ဆုံးအဆင့် Grand Final ပြိုင်ပွဲကို   ရန်ကုန်မြို့  မင်္ဂလာဒုံ မြို့နယ် ပြည်လမ်းရှိ စိတ္တသုခတပ်ဦး ကျောင်း၌  မေ ၂၈ ရက်   နံနက် ၉ နာရီက  စတင်ကျင်းပသည်။

 


ပြိုင်ပွဲတွင်     ရန်ကုန်တိုင်း ဒေသကြီး      ကော့မှူးမြို့နယ် နတ်စင်ကုန်းစံပြကျေးရွာ    ဓမ္မ ကျောင်းတော်မှ ကျောင်းသူနှစ်ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်စာဖြေဌာန ရွှေဟင်္သာ ဓမ္မစကူးလ်မှ    ကျောင်းသား တစ်ဦး နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်ခဲ့သည်။

 


ပြိုင်ပွဲအပြီးတွင်   မခင်ယွန်း ထက် (နတ်စင်ကုန်းစံပြကျေးရွာ၊ ဓမ္မကျောင်းတော်)က     ပထမ၊   မောင်လှိုင်ဖြိုးအောင် (ရွှေဟင်္သာ ဓမ္မစကူးလ်) က      ဒုတိယ၊ မတင်တင်ထွေး (နတ်စင်ကုန်းစံပြ ကျေးရွာ၊      ဓမ္မကျောင်းတော်) က    တတိယဆုတို့    ရရှိခဲ့ကြ သည်။

 


နဝမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ နောက်ဆုံးအဆင့်    ပြိုင်ပွဲတွင် ပထမဆုကို ဗုဒ္ဓဝံသဗဟုဿုတဓရ ဘွဲ့နှင့်   ဆုငွေကျပ်  သုံးသိန်း၊ ဒုတိယဆု ဗုဒ္ဓဝံသဝိသာရဒဘွဲ့နှင့် ဆုငွေကျပ်နှစ်သိန်း၊  တတိယဆု ဗုဒ္ဓဝံသဝိသာရဒဘွဲ့နှင့် ဆုငွေကျပ် တစ်သိန်း၊ ပြိုင်ပွဲဝင် နှစ်သိမ့်ဆုရ ခုနစ်ဦးအား     ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့နှင့်     တစ်ဦးလျှင်    ကျပ် ငါးသောင်းစီ ချီးမြှင့်ပေးကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ- အာကာလင်း