မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းစည်းဝေး

 

နေပြည်တော်   မေ   ၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။   (ယာပုံ)
အခမ်းအနားသို့        ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊   ဒုတိယ ဝန်ကြီးများ၊ ပညာရေးနှင့်ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊   အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊  ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝိုင်းဝန်းပူးပေါင်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြား ချက်များနှင့်အညီ မြန်မာနိုင်ငံ၏အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆွေးနွေး ညှိနှိုင်းရန် ချမှတ်ပေးထားသော  ရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေရန် ပညာရေးညီလာခံကို ခမ်းခမ်းနားနား   ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လမ်းညွှန် မှာကြားထားသည့်အတိုင်း       ချို့ယွင်းချက်မရှိ၊ အမှားအယွင်းမရှိအောင် ဝိုင်းဝန်းပူးပေါင်း ကျင်းပ ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်အတူ ပညာရေးဆိုင်ရာ အခြားဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကျင်းပသည့် ဤမြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ပါဝင် သည့်  လုပ်ငန်းကော်မတီ၊   ဆပ်ကော်မတီဆိုင်ရာ လုပ်ငန်းများကို အတူတကွပူးပေါင်းကြိုးပမ်းဆောင် ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ယင်းနောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃) ကျင်းပရေး    လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းက ညီလာခံကျင်းပနိုင်ရေး   စီစဉ်ဆောင်ရွက် ထားရှိမှုနှင့်စပ်လျဉ်း၍    ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ   ပညာရေး ညီလာခံ (၂၀၂၃) ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ များက ညီလာခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှု အစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ရန် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ညွန့်ဖေက   နိဂုံးချုပ်အမှာစကား    ပြောကြားပြီး အစည်းအဝေးကို နံနက်ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                                        သတင်းစဉ်