
နေပြည်တော် မေ ၁၉
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဒုတိယနေ့ စာတမ်းဖတ်ပွဲ၊ ဆွေးနွေး ပွဲအစီအစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦး လွင်၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များသည် စာတမ်းဆွေးနွေးမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
တက်ကြွစွာ ပါဝင်ဆွေးနွေး
ဒုတိယနေ့ ဆွေးနွေးပွဲကို အခန်း(၇)ခန်းတွင် အုပ်စု(၇) စုခွဲ၍ ဆွေးနွေးပွဲ ခေါင်းစဉ်ကြီး (၇) ခုဖြင့် ကျင်းပကြရာ တစ်အုပ်စုလျှင် စာတမ်း (၆)စောင်ကို စာတမ်းရှင်များက ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။
Parallel Session 1 တွင် “ကျောင်း တက်သူဦးရေ ပိုမိုတိုးတက်လာစေရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ Co-chair အဖြစ် ဦးရဲလင်းမြင့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံ ပညာဦးစီးဌာန၊ ဒေါ်ခင်မာဆွေ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံ ပညာဦးစီးဌာနတို့က ဆောင်ရွက်ကြပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေက “ဒေသဆိုင်ရာအုပ်ချုပ် ရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း စည်းရုံးဆောင်ရွက်ရေး” စာတမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာန ခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဖြိုး ကျော်က “ကျန်းမာပျော်ရွှင်သော ပညာ သင်ယူမှုပတ်ဝန်းကျင်ကောင်း ဖန်တီး ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးက “သင်ကြားသင်ယူမှုအပေါ် စဉ်ဆက်အကဲ ဖြတ်စနစ်၏ ထိရောက်မှုကို ဆန်းစစ်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန လေ့လာ ဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာ က “နှစ်ချို့ကင်းကွာ ကျောင်းသားများ ပြန်လည်လက်ခံရေးအတွက် နည်းလမ်း ရှာဖွေရေး” စာတမ်း၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်း ကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူး (ပြည်တွင်း) ဦးသန်းထိုက်က “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များနှင့် ကိုယ်ပိုင်ကျောင်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး” စာတမ်း၊ ပညာရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်းပညာရေးမှူး ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း က “ကျောင်းသား ဆရာအချိုး မျှတစေ ရေး” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာ ပါဝင် ဆွေးနွေးကြသည်။
စာတမ်းများ ဖတ်ကြား
အလားတူ Parallel Session 2 တွင် “KG+9 ပြီးမြောက်ရေးကို အမျိုးသားရေး ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ဒေါက်တာဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ Co-chair အဖြစ် ဒေါ်စန်းစန်းရီ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံ ပညာဦးစီးဌာန ဦးတင်လှိုင်၊ ညွှန်ကြားရေး မှူး (ငြိမ်း)၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့က ဆောင်ရွက် ကြပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာတင်ယုယုအေးက “ကျောင်းဝင် နှုန်းမြင့်မားရေး” စာတမ်း၊ အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းနု နုစိန်က “ကျောင်းနေမြဲရေးနှင့် တန်းစဉ် ကူးပြောင်းမှု မြင့်မားရေး” စာတမ်း၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ဝင်းစိုး က “ကျောင်းသား ကျောင်းသူများ၏ ပညာ သင်ယူရာတွင် လိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်းပေးရေး” စာတမ်း၊ တောင်ငူ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က “အရည်အသွေးရှိ သော ဆရာ ဆရာမများ ဖြည့်ဆည်း လေ့ကျင့်ပေးရေး” စာတမ်း၊ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းက “အမှန်တကယ် စာတတ်မြောက်၍ မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်ရှိသည့် နိုင်ငံ့ သားကောင်းများ မွေးထုတ်ပေးရေးနှင့် ကောင်းမွန်သော အသိပညာ၊ ကောင်းမွန် သော အလေ့အကျင့်များကို မူ၊ လယ်၊ ထက် သင်ရိုးညွှန်းတမ်းတွင် ချိတ်ဆက် ထည့်သွင်း အသိပညာပေးရေး” စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်မျိုးက “နယ်စပ် ဒေသများပါမကျန် ကျောင်းနေအရွယ် ကလေးတိုင်း KG+9 ပြီးမြောက်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။
Parallel Session 3 တွင် “KG+9 ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ် များကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ရရှိရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများဖော်ထုတ်ရေး” ခေါင်းစဉ် ဖြင့် ကျင်းပရာ Chair အဖြစ် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ Co-chairs အဖြစ် စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေနှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိုးဝင်းတို့က ဆောင်ရွက်ကြပြီး နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာ ကျော်ဇေယျမြင့် က “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေး သင်ယူနိုင်မှုအခွင့်အလမ်းကို ပြည်သူ လူထု ပိုမိုသိရှိနားလည်လာစေရန် တိုးမြှင့် ဆောင်ရွက်ရေး” စာတမ်း၊ စိုက်ပျိုးရေး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလေးလေးခိုင်က “KG+9 အလွန် ပညာရေးတွင် နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးကို သင်ယူနိုင်သော သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင် ရေး” စာတမ်း၊ နည်းပညာသက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာခင်ချိုသင်းက “KG+9 အလွန်ပညာရေးအတွက် လိုအပ်သော ဆရာ ဆရာမများ ခန့်ထားရေးနှင့် စွမ်းဆောင်မှု မြှင့်တင်နိုင်ရေး” စာတမ်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ပြည့်ကျော်သူ က “KG+9 အလွန် ပညာ ရေးအတွက် နည်းပညာကဏ္ဍသင်ရိုး ညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည် အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှုပိုမို အားကောင်းအောင် ဆောင်ရွက်ရေး” စာတမ်း၊ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရဲထွဋ် အောင်က “KG+9 အလွန်ပညာရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ သင်ရိုးညွှန်း တမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည် အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှုပိုမို အားကောင်းအောင် ဆောင်ရွက်ရေး” စာတမ်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကြည်ကြည်ချို က “စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းများနှင့် သက်မွေးပညာ သင်တန်းကျောင်းများမှ ပြီးမြောက်သူများကို ဘဝတစ်သက်တာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း အသိ အမှတ်ပြုရေးနှင့် ဆက်လက်ပညာသင် ယူနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင် ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။
Parallel Session 4 တွင် “လုပ်ငန်း ခွင် လက်တွေ့အသုံးကျမည့် နည်းပညာ နှင့် သက်မွေးပညာရပ်များကို ထိရောက် စွာသင်ကြား၍ လူ့စွမ်းအားအရင်းအမြစ် များ လေ့ကျင့်မွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပကြရာ Chair အဖြစ် သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ Co-chairs အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာ ယဉ်ယဉ်ဌေးအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး) စာပေညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ထွန်းတို့က ဆောင်ရွက်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက“လုပ်ငန်း ခွင်လက်တွေ့အသုံးကျမည့် စက်မှုဆိုင်ရာ သက်မွေးပညာ သင်တန်းများအတွက် သင်ယူနိုင်သော အခွင့်အလမ်းများ တိုးချဲ့ ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ရေး” စာတမ်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောထိုလွီထူး က “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သက်မွေးပညာ သင်တန်းများအတွက် သင်ယူနိုင်သော အခွင့်အလမ်းများ တိုးချဲ့ဆောင်ရွက်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေး ထုတ်ရေး” စာတမ်း၊ အမှတ်(၆) စက်မှု သင်တန်းကျောင်း မြင်းခြံကျောင်းအုပ် ဒေါ်မျိုးမျိုးသက်က “အစိုးရ၊ ပုဂ္ဂလိက၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများပူးပေါင်း ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ စေမည့် အစီအစဉ်များ ဖော်ထုတ်ရေး” စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပါမောက္ခ ဦးသက်ခိုင်ဦးက “ခေတ်နှင့် လျော်ညီသော နည်းပညာနှင့် သက်မွေး ပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရေး” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခ ဌာနမှူး ဦးကျော်သူရက “လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်မွေး ပညာရေးမြှင့်တင်ရေး” စာတမ်း ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (ရွာမ) ကျောင်းအုပ်ကြီး ဦးဇေယျာအောင် က “ရေရှည်တည်တံ့ခိုင်မြဲသော သက်မွေး ပညာရေးစနစ် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ရေး” စာတမ်းတို့ကိုဖတ်ကြား ကြသည်။
Parallel Session 5 တွင် “ အဆင့်မြင့် ပညာကဏ္ဍတိုးတက်ရေးနှင့် အသိပညာ ရှင် အတတ်ပညာရှင်များ မွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ Co-chairs အဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ဦး နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်း တို့က ဆောင်ရွက်ကြပြီး ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာကြူ က “အဆင့်မြင့်ပညာကို ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက် အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရေး” စာတမ်း၊ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက “နည်းပညာအသုံးပြု သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မည့် အစီအစဉ်များ ဖော်ထုတ်ရေး” စာတမ်း၊ စစ်တက္ကသိုလ် သုတေသနဌာန လက်ထောက်ကထိက ဗိုလ်မှူးထွန်းလင်းကျော်က “သင်ယူမှု ရလဒ်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည့် ရလဒ်အခြေပြု ပညာရေးစနစ်” စာတမ်း၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ယဉ်မျိုးသူ က “တက္ကသိုလ်ဥပဓိရုပ်ကောင်း မွန်ရေးနှင့် တက္ကသိုလ်ပရဝဏ်သန့်ရှင်းသာယာခံ့ညားရေး” စာတမ်းကိုလည်း ကောင်း၊ မြန်မာနိုင်ငံရေကြောင်း ပညာ တက္ကသိုလ် ပါမောက္ခ ဒေါက်တာနီလာတိုး က “ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများ ခေတ်မီစေရေး” စာတမ်း၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာမြင့်မြင့်ကြည် က “နိုင်ငံစီးပွား တိုးတက်ရေးအတွက် စီးပွားရေးပညာရှင်များ ပိုမိုမွေးထုတ် ပေးရေး” စာတမ်းတို့ကို ဆွေးနွေး ကြသည်။
Parallel Session 6 တွင် “သုတေသန နှင့် တီထွင်ဆန်းသစ်မှု မြင့်မားရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသန နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဇီဝနည်း ပညာသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးအေးခိုင်တို့က ဆောင်ရွက်ကြပြီး မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက “ဘွဲ့ကြိုသင်တန်း များတွင် ဘွဲ့ယူသုတေသန ပရောဂျက် အစီအစဉ်များ ထည့်သွင်းရေး” စာတမ်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဆင့်က “သယံဇာတနှင့် သဘာဝ ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် အဆင့်မြင့်ပညာ၏ အရေးပါမှု” စာတမ်း ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဆွေလင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာ ကြည်တို့က “နည်းပညာ အခြေပြုစားရေ ရိက္ခာဖူလုံရေး” စာတမ်း ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ပါမောက္ခ ဒေါက်တာမို့မို့ကြည်က “တက္ကသိုလ်နှင့် လုပ်ငန်းခွင်ချိတ်ဆက်ရေး” စာတမ်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင်က “အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ အထောက်အကူပြုအသုံးချ သုတေသနများ တိုးမြှင့်ဆောင်ရွက်နိုင် ရေး” စာတမ်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦးက “သုတေသန ဖွံ့ဖြိုးတိုးတက်ရေး မူဘောင် ချမှတ်နိုင်ရေး” စာတမ်းတို့ကို ဖတ်ကြား ကြသည်။
Parallel Session 7 တွင် “အရည် အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်း လေ့ကျင့်ပျိုးထောင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါ်နှင်းကြည်၊ Co-chairs အဖြစ် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ဆရာအတတ် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်သူဇာရှိန်တို့က ဆောင်ရွက်ကြပြီး ဆရာအတတ်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင်က “ပညာရေးကဏ္ဍအလိုက် ဆရာ ဆရာမ များ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်များထည့်သွင်းရေး” စာတမ်း၊ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချို မြတ်အောင်က “ဆရာ ဆရာမများ ပြုန်းတီးမှု လျော့ပါးစေရေးနှင့် လုပ်ငန်း ခွင် ပျော်မွေ့စေရေး” စာတမ်း၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ကြီး ဒေါက်တာ ငြိမ်းသီအောင်က “လုပ်ငန်းခွင်အကြိုသင်တန်းနှင့် လုပ်ငန်း ခွင်အတွင်း မွမ်းမံသင်တန်းများ တက်ရောက်စေရေး”စာတမ်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာ အတတ်သင် ကောလိပ်(ဘယ်လင်း) ကျောင်းအုပ်ကြီး ဒေါက်တာသန်းဇော်က “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးကဏ္ဍရှိ ဆရာ ဆရာမများ၏ အရည် အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် Chair အဖြစ် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်း၊ Co-chairs အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဉာဏ်ဝင်းသန်းနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးဖြူဇင်တို့က ဆောင်ရွက် ကြပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင် က “ဆရာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်(TCSF)နှင့် ကျောင်းတွင်း အရည်အသွေးအာမခံမှု (IQA) တို့ ချိတ်ဆက်၍ ဆရာအရည်အသွေးမြင့်မား စေရေး” စာတမ်း၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့် က “ဆရာ ဆရာမများ အရည်အသွေး စဉ်ဆက်မပြတ် လေ့ကျင့်ပေးရေး” စာတမ်း တို့ကို ဖတ်ကြားကြပြီး တက်ရောက်လာ သူများက တက်ကြွစွာ ဆွေးနွေးအကြံပြု ကြသည်။
ယနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရာ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ရှိ ပညာရေးနှင့် ဆက်စပ် ဝန်ကြီးဌာနများ၏ ပညာရေးပြခန်းများသို့ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများလာရောက် ကြည့်ရှုလေ့လာကြပြီး ညနေပိုင်းတွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းသား သင်တန်းသူများ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သတင်းစဉ်