
နေပြည်တော် အောက်တိုဘာ ၂၈
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပသည်။
တွေ့ဆုံစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယနေ့အစည်း အဝေးသည် ၂၀၂၃ ခုနှစ်မကုန်မီ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲ ဖြစ်မြောက်ရန် ညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးချယ်ပွဲ ကော်မရှင်အဖွဲ့နှင့် မျိုးနွယ်စု ၁၀ ခုသည် သတ်မှတ် ကိုယ်စားလှယ်လောင်းအရေအတွက် ရရှိရေးနှင့် ဖွဲ့စည်းပုံစည်းမျဉ်းပါ အပိုဒ်အချို့အား ပြင်ဆင်ရေး ကို ဦးစွာဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးနွယ်စု တစ်ခုချင်းအတွင်း ညှိနှိုင်းခြင်းနှင့် မျိုးနွယ်စု အချင်းချင်းညှိနှိုင်းခြင်း၊ ဝန်ကြီးဌာနကို ယုံကြည် အားထားခြင်းတို့ဖြင့် အခက်အခဲကို ကျော်လွှားနိုင် မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၃ အရ ဘာသာရေးအဖွဲ့များ ကို လိုအပ်သောအကူအညီများ ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲ အတွက် ၂၀၂၀ ပြည့်နှစ် မတ်လအထိ ဆောင်ရွက် ပြီးစီးခဲ့သည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြ ပြီး မျိုးနွယ်စုအသီးသီး၏ ကိုယ်စားလှယ်များက ရွေးချယ်ပွဲနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်