မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၂/၂၀၂၃) အစည်းအဝေးနှင့် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၃၀
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ    (၂/၂၀၂၃)   အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေး     ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင်     မြန်မာ နိုင်ငံလုံးဆိုင်ရာ        အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ  ချထားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီအနေဖြင့်   အမျိုး သမီးအခွင့်အရေး  မြှင့်တင်ဖော် ဆောင်သည့် လုပ်ငန်းများဆောင် ရွက်ရာတွင် မူဝါဒ (၄) ရပ်၊ လုပ်ငန်း တာဝန် (၇)ရပ် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊   ဒေသအလိုက် အမျိုးသမီးများ   ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်        အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီး များကို          ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အမျိုးသမီး       ကော်မတီများကို မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားရှိ  ကြောင်း၊    မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်    ဆောင် ရွက်မှုများအပေါ် ပြန်လည်သုံးသပ် မှုများ     ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့် ကြီးကြပ်လမ်းညွှန် မှုများ  ပြုလုပ်နိုင်ရန်  ယခုကဲ့သို့ အစည်းအဝေးများ        ကျင်းပ ဆောင်ရွက်ခြင်း       ဖြစ်ကြောင်း    ပြောကြားသည်။
ထို့နောက်     မြန်မာနိုင်ငံလုံး ဆိုင်ရာ       အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးကြည်က အမျိုးသမီး များ        ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ  ဆောင်ရွက်ချက်များကို    လည်း ကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များနှင့် အတွင်းရေးမှူးတို့က         ကဏ္ဍ အလိုက်   အကောင်အထည်ဖော် ဆောင်ရွက်မှုများကို      လည်း ကောင်း ရှင်းလင်းတင်ပြ ဆွေးနွေး ကြသည်။ 
အဆိုပါ   အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များ၊ နေပြည်တော်  အမျိုးသမီးကော်မတီ၊ တိုင်းဒေသ ကြီး/   ပြည်နယ်     အမျိုးသမီး ကော်မတီ အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။ 
ဆက်လက်၍     အမျိုးသား အဆင့်    ရှေးဦးအရွယ်    ကလေး သူငယ်     ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေး ကို အဆိုပါဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်    ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့်   ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် များ၊    တာဝန်ရှိသူများ၊    ပြည် ထောင်စုနယ်မြေ  နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည် နယ်များမှ လူမှုဝန်ထမ်း ဦးစီးမှူး များနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများမှ     တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်    အမျိုး သားအဆင့် ရှေးဦးအရွယ် ကလေး သူငယ်     ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ     ပြည် ထောင်စုဝန်ကြီး     ဒေါက်တာ စိုးဝင်းက   ရှေးဦးအရွယ်    ကလေး သူငယ်     ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ    ဥပဒေ၊   နည်း ဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊   ECCD   လွှမ်းခြုံမှုနှင့်  ပတ်သက်၍ စာရင်းဇယားများအရ အသက် (၆) လမှ အသက် (၃)နှစ် အရွယ် ကလေးငယ်များ၏ ရှေးဦး အရွယ်ကလေးသူငယ်        ပြုစု စောင့်ရှောက်ရေးနှင့်    ဖွံ့ဖြိုးရေး  ဆိုင်ရာဝန်ဆောင်မှုများ ရရှိမှုမှာ  ၀ ဒသမ ၃၂ ရာခိုင်နှုန်း သာရှိပြီး အသက် (၃) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များ၏ မူကြိုပညာရေး ဝန်ဆောင်မှု ရရှိမှုမှာ ၂၇ ဒသမ  ၂၀   ရာခိုင်နှုန်းသာ   ရရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်     ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို    ယခု ထက်ပိုမို၍      ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မွေးစမှ   အသက်  (၈)   နှစ် အရွယ်အထိ      ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှုသည်   အရေးကြီး သည့်အတွက်      ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစိုးရ၊  ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော  အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံ မှုများကို တိုးချဲ့ အကောင်အထည် ဖော်သွားရန် မဖြစ်မနေ လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်  ရှေးဦးအရွယ်     ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ     အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက     ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်း     ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။      
သတင်းစဉ်