
နေပြည်တော် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရင်သွေး ရတနာ မူလတန်းကြိုကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့် စိုးနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့် မူလတန်းကြို ကျောင်းများမှ ဆရာမများ၊ ဆုရရင်သွေးငယ်များ တက်ရောက်ကြသည်။
ပြောကြား
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက နိုင်ငံတစ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရှိ လူသားအရင်းအမြစ် ပြည့်ဝမှန်ကန်စွာဖွံ့ဖြိုးရန် အလွန် အရေးကြီးကြောင်း၊ ကလေးများ ကို နည်းမှန်လမ်းမှန် စနစ်တကျ ပြုစုစောင့်ရှောက်မှု ပေးခြင်းဖြင့် ကလေးတိုင်း ဘက်စုံဖွံ့ဖြိုး တိုးတက် လာစေမည်ဖြစ်သဖြင့် အရည်အသွေး မြင့်မားကာ အနာဂတ်အတွက် ကောင်းမွန် သည့် အခြေခံအုတ်မြစ်များ ဖြစ်လာအောင် ရင်သွေးငယ်များ ကို ကောင်းမွန်စွာပြုစုစောင့်ရှောက် တတ်သူများ ဖြစ်လာစေရေး အတွက် ဆရာ ဆရာမများ၊ မိဘ အုပ်ထိန်းသူများ အနေဖြင့်လည်း ကြိုးပမ်း ဆောင်ရွက်သွားကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကလေးပြုစုရေးဌာနမှ ကလေး ငယ်လေးများက မြန်မာပြည်မှာ သီချင်းဖြင့်လည်းကောင်း၊ အကြို လှုပ်ရှားမှုပြိုင်ပွဲများတွင် ပထမဆု ရ ရင်သွေးငယ်လေးများက ကဗျာ၊ သီချင်းများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး ဆုရရင်သွေး ငယ်လေးများအား ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များက ဆုများချီးမြှင့်ကာ ပေါင်မုန့်နှင့် ပဲနို့ အာဟာရများ ပေးဝေခဲ့ကြောင်း သိရသည်။
သတင်းစဉ်