မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေမြို့ ကသီဒြယ်ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၅


ရခိုင်ပြည်နယ်   စစ်တွေမြို့ရှိ    မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေ သာသနာပိုင်၏   နယ်စီးသာသနာပိုင်ကြီး ဒေါက်တာ ဂျိမ်း(စ်)မင်းဒိန်နှင့် ရခိုင်ပြည်နယ် အတွင်း  မြို့နယ်အသီးသီးနှင့်  ချင်းပြည်နယ် ပလက်ဝမြို့တို့မှ အသင်းအုပ်၊ အသင်းထောက် ဆရာတော်များနှင့်  အသင်းဝင်များအား ယနေ့ နံနက်ပိုင်းတွင်     ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ် ဝန်ကြီးများက   စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက် မေယုလမ်းရှိ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) ကသီဒြယ်ဘုရား ကျောင်း၌ တွေ့ဆုံ၍ ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

 


ဦးစွာ        နယ်စီးသာသနာပိုင်ကြီးက ဆုတောင်းမေတ္တာ          စကားပြောကြားပြီး        ပြည်နယ်ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က  အမှာ စကားများ  ပြောကြားကြသည်။ ထို့နောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီ ကန်) စစ်တွေ မြို့ ကသီဒြယ်ဘုရားကျောင်း တာဝန်ခံက အသင်းတော်၏         သာသနာတော် ဆိုင်ရာ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး   အသင်းဝင်များက   ဒေသ ကောင်းကျိုး    ကိစ္စရပ်များနှင့်   ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြရာ     ပြည်နယ် ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က   ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်      တိုင်းမှူး တို့က         ကသီဒြယ်ဘုရားကျောင်းအတွက်   အလှူငွေများ    ပေးအပ်လှူဒါန်းရာ  နယ်စီး သာသနာပိုင်ကြီးက          လက်ခံရယူပြီး    ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။       ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်    တိုင်းမှူး တို့က တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး         လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း   သတင်းရရှိသည်။


သတင်းစဉ်