မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(ဒေသတွင်းအဆင့်)မှ ဝမ်းသာပီတိစကားသံများ

 

တွေ့ဆုံမေးမြန်း - ဝင်းသန့်၊ ဓာတ်ပုံ - ကိုအေးသန်း
 

 

အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဒေသတွင်း  လူငယ်များအကြား   ခိုင်မာ အားကောင်းသည့်   ချစ်ကြည်ရင်းနှီးမှုကို   အထောက်အကူပြုနိုင်စေရန်  ၂၀၀၂  ခုနှစ် မှစတင်၍  အဖွဲ့ဝင်နိုင်ငံများ၏ သဘော တူညီချက်အရ  နှစ်နှစ်တစ်ကြိမ် အလှည့် ကျ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ သည့်  ဒသမအကြိမ်မြောက်  အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ  -  ဒေသတွင်း အဆင့် (10th ASEAN Quiz-Regional Level) ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ     မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သူများ၊ အကဲဖြတ်ဒိုင်များ၊ အခမ်းအနားသို့ တက်ရောက်လာသူများ၏ စကားသံများ ကို စုစည်းဖော်ပြလိုက်ရပါသည်။
မောင်ပြည့်စုံချမ်းသာ (ပထမဆု)
မြန်မာနိုင်ငံကိုယ်စားပြု 
ဝင်ရောက်ယှဉ်ပြိုင်သူ
အခုလို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ဆိုတာ      နောင်အနှစ် ၂၀   ကြာမှ  တစ်ကြိမ်အခွင့်အရေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးယောက်က မြန်မာနိုင်ငံကိုယ်စားပြု   ပါဝင်ယှဉ်ပြိုင် ရတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင် နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုလို ဆုရရှိ ခဲ့တဲ့အတွက်လည်း      ဝမ်းသာကြည်နူးရ ပါတယ်။    အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲက နှစ်နှစ်တစ်ကြိမ် ကျင်းပနေမှာ ဖြစ်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း အားဖြင့်   အသိပညာ၊   ဗဟုသုတတွေ၊ အတွေ့အကြုံသစ်တွေ   အများကြီးရရှိ စေပါတယ်။  မိတ်ဆွေသူငယ်ချင်းအသစ် တွေလည်း တိုးပွားစေတဲ့အတွက် ပါဝင် ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 
Mr. George (ဒုတိယဆု)
မလေးရှားနိုင်ငံကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်သူ
ဒီပွဲမှာ  အခုလို  ဆုရရှိခဲ့တဲ့အတွက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကျွန်တော်တို့ သုံးဦးနဲ့ ကြီးကြပ်သူတွေ၊        နည်းပြဆရာတွေ အားလုံး  အတိုင်းမသိ  ဝမ်းသာပျော်ရွှင်ရ ပါတယ်။ ကျွန်တော်တို့အနေနဲ့ အင်တာ နက်ပေါ်က   အချက်အလက်ရှာဖွေတာ တွေကို လုပ်ဆောင်ရပါတယ်။ ဒီပွဲအတွက် မအိပ်မနေ ကျွန်တော်တို့ ကြိုးစားခဲ့ရပါ တယ်။    မြန်မာနိုင်ငံက   တကယ့်ကို သာယာလှပတဲ့နိုင်ငံဖြစ်ပြီး ဘုရားပုထိုး စေတီတွေ များစွာရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့အရာတွေ ထဲက   ကျွန်တော်သဘောအကျဆုံးက ကော်ဖီဖြစ်ပြီး မြန်မာ့ရိုးရာဝတ်စုံကလည်း လှပပါတယ်။ 
Ms. Sirilak Sengdara (တတိယဆု)
လာအိုနိုင်ငံ ကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်သူ
ဒီပွဲမှာ      ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အချိန်အများကြီးယူပြီး     ပြင်ဆင်ခဲ့ရ ပါတယ်။ ကြီးကြပ်သူတွေ၊ နည်းပြတွေနဲ့ လည်း    အကြိမ်ကြိမ်   သုံးသပ်ဆွေးနွေး တာတွေ   ပြုလုပ်ခဲ့ပါတယ်။   ဒီနိုင်ငံကို အခုလို      လာရောက်ခွင့်ရတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ရပါတယ်။ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးခင်မင်မှုတွေကို သဘောကျနှစ်သက်မိပါတယ်။    
ဒေါ်စောကလျာစု(အကဲဖြတ်ဒိုင်)
ဒုတိယညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား
စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
အာဆီယံမှာ မဏ္ဍိုင်သုံးရပ်ရှိပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင် အနေနဲ့ ကျွန်မတို့ဝန်ကြီးဌာနက အဓိက တာဝန်ယူ     ဆောင်ရွက်နေပါတယ်။ ဒါကြောင့်   အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲမှာ ဒိုင်အဖြစ် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။   ဒီအာဆီယံ  ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲက    နိုင်ငံ   ၁၀  နိုင်ငံမှာ ကျင်းပလာတာဖြစ်ပါတယ်။   ဒီနှစ်က မြန်မာနိုင်ငံက   အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပတာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ ကလေးတွေနဲ့   နိုင်ငံရဲ့  ပုံရိပ်အတွက် ဂုဏ်ယူစရာကိစ္စတစ်ခု   ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွက်   ဂုဏ်ယူစွာနဲ့  အကဲ ဖြတ်ဒိုင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ 
အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခြင်းအားဖြင့် နိုင်ငံ  ၁၀  နိုင်ငံမှာ ရှိတဲ့    ကျောင်းသားလူငယ်အချင်းချင်း ပေါင်းသင်းဆက်ဆံမှုတွေ တိုးတက်လာ စေပါတယ်။ ကိုယ့်နိုင်ငံကို ဂုဏ်ယူတတ် စေတဲ့ အလေ့အကျင့်ကောင်းတွေလည်း ရရှိစေပါတယ်။   ဒါ့အပြင်  အနာဂတ်မှာ နိုင်ငံ့တာဝန်ကို   ထမ်းဆောင်တဲ့အခါ   အာဆီယံဒေသဆိုင်ရာ     ဗဟုသုတတွေ၊ ဒီပွဲကရရှိလာတဲ့         အတွေ့အကြုံတွေ၊ ကိုယ့်နိုင်ငံရဲ့အကျိုးသာမက ဒေသတွင်း မှာပါ   ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အသိပညာတွေပါ ရရှိစေမှာဖြစ်ပါတယ်။ 
ဒေါ်မြတ်သူဇာသန်း(အကဲဖြတ်ဒိုင်)
ညွှန်ကြားရေးမှူး
အာဆီယံရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
ဒီပြိုင်ပွဲဝင်တွေက     နိုင်ငံတကာ အဆင့်ဆင့်မှာ       ပြိုင်ပွဲဝင်လာကြတဲ့ ကလေးတွေ   ဖြစ်ပါတယ်။  Regional Level ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ ကလေး တွေအတွက်  အများကြီး အကျိုးရှိသလို အာဆီယံနိုင်ငံအချင်းချင်း၊      လူငယ် အချင်းချင်း       ချစ်ကြည်ရင်းနှီးမှုတွေ များစွာတည်ဆောက်နိုင်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အလှည့်ကျကျင်းပခွင့်ရတာဖြစ်တဲ့အတွက် ထူးခြားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။   ဒီလိုထူးခြားတဲ့ အခွင့်အရေးမှာ   ပြိုင်ပွဲဝင်ကျောင်းသား တွေသာမက       တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေလည်း   ကြည့်ရှုခွင့် ရတဲ့အတွက်       အာဆီယံဒေသဆိုင်ရာ အကြောင်းအရာတွေကို ပိုမိုစိတ်ဝင်စား လာစေပြီး အခွင့်အလမ်းတွေလည်း ရရှိ လာစေမှာ ဖြစ်ပါတယ်။ 
ဒေါက်တာ စန္ဒာမြငြိမ်း
အထက(၁)ဒဂုံ  ကျောင်းအုပ်ကြီး
ဒီအာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကို    ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့   ကလေးတွေ အတွက်ရော၊  အထက(၁) ဒဂုံကျောင်း အနေနဲ့ရော    များစွာဂုဏ်ယူပါတယ်။ နောင်လာနောက်သား    ကျောင်းသား လေးတွေလည်း   အားကျအတုယူစိတ် ဖြစ်ပြီး        နောက်နှစ်နှစ်အကြာမှာ    ကျင်းပမယ့်           အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲအတွက်         ကြိုတင် လေ့လာနိုင်တဲ့   အခွင့်အရေးတွေလည်း ရရှိစေပါတယ်။ 
မမေသဲဖြူအုန်း
အောင်မြေသာဇံမြို့နယ် 
မန္တလေးတိုင်းဒေသကြီး
သမီးတို့က မေလ National level ပြိုင်ပွဲပြီးကတည်းက ဆရာကြီး၊ ဆရာမ ကြီးတွေက   သေချာလေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သမီးက အရန်ဆိုတော့ ပါဝင် ယှဉ်ပြိုင်ခွင့်မရှိပါဘူး။ ပါဝင်ယှဉ်ပြိုင်ခွင့် ရတဲ့        သူငယ်ချင်းသုံးယောက်ကို အကောင်းဆုံးအားပေးမှာပါ။