မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ ၁၇၀ နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်

 

နေပြည်တော်  ဇန်နဝါရီ  ၁၃


အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပသည့်  Voice of the South Summit  ၏  စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့်  ဆွေးနွေးပွဲကို  ယနေ့  ညနေပိုင်းတွင်  ကျင်းပရာ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦး ပါဝင်တက်ရောက်သည်။

 


ဆွေးနွေးပွဲတွင် ပြည်ထောင် စု ဝန်ကြီးက  မြန်မာနှင့်  အိန္ဒိယ နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ       နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ပြီး အရေး ပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံ များဖြစ်ကြောင်း၊    မြန်မာနိုင်ငံ ၏     ကုန်သွယ်ဖက်နိုင်ငံ    ၁၇၀   နိုင်ငံတွင်     အိန္ဒိယနိုင်ငံသည်   စတုတ္ထကုန်သွယ်မှု   အများဆုံး         နိုင်ငံဖြစ်ကြောင်း။

 


ကုန်သွယ်ရေးနှင့်     ရင်းနှီး မြှုပ်နှံမှုများ    ပိုမိုမြင့်တက်စေ ရေး  ပူးပေါင်းဆောင်ရွက်သွားရန် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံ များကိုလည်း    တိုက်တွန်းပြော ကြားလိုကြောင်း၊ ကုန်သွယ်ရေး နှင့်  ရင်းနှီးမြှုပ်နှံမှုများ  မြှင့်တင် ရေးနှင့်   ပိုမိုအားကောင်းစေရေး အပြင် စီးပွားရေးအလားအလာ ကောင်းများရှာဖွေရန်၊ ဆက်သွယ် ဆောင်ရွက်မှုများ ပိုမိုကောင်းမွန် စေရန်နှင့်  ခရီးသွားလုပ်ငန်းများကောင်းမွန်စေရန်      တိုက်တွန်း ဆောင်ရွက်သွားရေးနှင့် ပတ်သက် ၍ အမြင်များဖလှယ်ရေး၊  စားနပ် ရိက္ခာဖူလုံရေးအတွက်    စိုက်ပျိုး ရေးနှင့်   မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရန် ပူးပေါင်းဆောင်ရွက် ရေးနှင့်    မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ပိုင်းရှိ  နိုင်ငံများ အားလုံးနှင့်  နှစ်နိုင်ငံ၊  နိုင်ငံစုံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု များတွင်   တက်ကြွစွာ   ပူးပေါင်း ချိတ်ဆက်ရေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို  ပြောကြားသည်။

 


အဆိုပါ ဆွေးနွေးပွဲကို    ဇန်န ဝါရီ ၁၂ ရက်မှ  ၁၃  ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ  တက်ရောက် အမှာစကား ပြောကြားကြကြောင်း သိရသည်။              

သတင်းစဉ်