မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၉
မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း ပြုစုရေး     အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ   အငြိမ်း စားအရာရှိကြီးများအား   ဂုဏ်ပြု ဧည့်ခံပွဲအခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင်    ဆေးဝါးစက်ရုံ (အင်းစိန်)အစည်းအဝေးခန်းမ၌ ကျင်းပရာ    မြန်မာနိုင်ငံစက်မှု လက်မှုသမိုင်းပြုစုရေး     ဦးစီး ကော်မတီ နာယက၊ စက်မှုဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံ စက်မှုလက်မှု   သမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့်     လုပ်ငန်း ကော်မတီတို့မှ အငြိမ်းစားအရာရှိ ကြီးများ၊   စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ    တက်ရောက် ကြသည်။
ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့
အခမ်းအနားတွင် မြန်မာနိုင်ငံ စက်မှုလက်မှု   သမိုင်းပြုစုရေး ဦးစီးကော်မတီ  နာယက၊  စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က   မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းစာအုပ်ပြုစုရာတွင် ၁၉၈၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၃၄ နှစ် တာကာလအတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊  စီးပွားရေး၊   လူမှုရေး၊ ပတ်ဝန်းကျင်အပြောင်းအလဲများ ဖြစ်ပေါ်တည်ရှိနေမှုအပေါ် မူတည် ၍   မူဝါဒအပြောင်းအလဲများ ကြောင့် စက်မှုလက်မှုကဏ္ဍအပေါ် သက်ရောက်မှုများ၊   အပြောင်း အလဲများ၊ ကြုံတွေ့ခဲ့ရသည်များ ကို တွေ့မြင်မှတ်သားနိုင်ကြမည် ဖြစ်ကြောင်း၊   အပြောင်းအလဲ၊ ဖြစ်တည်မှု၊ အရွေ့များကိုအနာဂတ် လူငယ်များ လေ့လာမှတ်သားသိရှိ နားလည်ပြီး သင်ခန်းစာရယူနိုင် ရန်  ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့၏   အတွေ့ အကြုံ၊ အတွေးအခေါ်နှင့်   နည်း ပညာအမွေအနှစ်များ ထည့်သွင်း ပြုစုရေးဆွဲထားသည့် မြန်မာနိုင်ငံ စက်မှုလက်မှု       သမိုင်းစာအုပ်မှ အထောက်အထား၊      အချက် အလက်များကို    မျိုးဆက်သစ် လူငယ်များအနေဖြင့်   ဖတ်ရှုပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း၊    မြန်မာနိုင်ငံ   စက်မှု လက်မှုသမိုင်းစာအုပ်ဖြစ်မြောက် အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည့်   အတွေ့အကြုံပြည့်ဝ သည့်  ပညာရှင်ကြီးများ၊ မြန်မာ နိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီ၊ အကြံပေးအဖွဲ့၊ လုပ်ငန်းကော်မတီ၊ သတင်းအချက် အလက်   ရှာဖွေစုဆောင်းရေး ဆပ်ကော်မတီ၊   ဘဏ္ဍာရေးဆပ် ကော်မတီ၊   အထောက်အကူပြု အဖွဲ့၊ ရုံးအဖွဲ့၊ ဆက်စပ်ဝန်ကြီးဌာန များနှင့် အသင်းအဖွဲ့များမှ တာဝန် ရှိသူများအား   အထူးပင်ကျေးဇူး တင်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုငွေများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်  မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး  အကြံပေး အဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစား  အရာရှိကြီးများအား ဂုဏ်ပြုငွေများ ပေးအပ်ပြီး အငြိမ်း စား အရာရှိကြီးများကိုယ်စား သိပ္ပ ကျော်စွာ ဒေါက်တာ မျိုးသန့်တင် က  ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။       
သတင်းစဉ်