မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထ

နေပြည်တော် နိုဝင်ဘာ ၂၅


ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့ Sofitel Philippine Plaza Manila ဟိုတယ်၌ နိုဝင်ဘာ  ၂၆  ရက်မှ ၃၀   ရက်အထိ   ကျင်းပပြုလုပ် မည့်  အာဆီယံနိုင်ငံများ  စစ်မှု ထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ် မြောက်  အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့   တက် ရောက်ရန်     မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊    ဗဟိုအမှု ဆောင်အဖွဲ့  ဒုတိယဥက္ကဋ္ဌ   (၁) ဒုတိယဗိုလ်ချုပ်ကြီး    ရဲအောင် (ငြိမ်း) ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်  ယနေ့   မွန်းလွဲ ပိုင်းတွင်   ရန်ကုန်မြို့   မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ   လေဆိပ်မှ    လေကြောင်းခရီးဖြင့်   ဖိလစ်ပိုင် သမ္မတနိုင်ငံ မနီလာမြို့သို့ထွက်ခွာ သွားသည်။ 


မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့ကို   ရန်ကုန်တိုင်း ဒေသကြီး    စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (စည်ပင်အတွင်း/ ပြင်ပ)မှ တာဝန်ရှိသူတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။              

 သတင်းစဉ်