မြန်မာနိုင်ငံစာရေးဆရာအသင်း သဘောထားထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်  ဇွန်လ  ၁  ရက်


နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာကလေးများဖြစ်ကြသော ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် မိဘဆရာ၊ ပြည်သူ များ ဝမ်းသာကြည်နူးစွာ လှုပ်ရှားဆောင်ရွက်နေကြစဉ်တွင် စာသင်ကျောင်းများ၊ မြို့နယ်ပညာရေးမှူး ရုံးနှင့် ဝန်းကျင်အချို့တွင် အကြမ်းဖက်သမားများက ဗုံးခွဲဖျက်ဆီးခြင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များကို လုယက်မီးရှို့ဖျက်ဆီးခြင်းများ  ပြုလုပ်နေကြကြောင်း    စိတ်မချမ်းမြေ့ဖွယ်သတင်းများကို ကြားသိနေကြရပါသည်။

 


ထိုသို့ စိတ်မချမ်းမြေ့ဖွယ်သတင်းများကို ကြားသိနေကြဆဲမှာပင်  ၂၀၂၂ ခုနှစ်   မေလ ၃၁  ရက်နေ့က   ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ပညာရေးမှူးရုံး   နှစ်ထပ်ကျောင်းဆောင်အစည်းအဝေး ခန်းမကို   အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ   မူလတန်းကျောင်းအုပ်ကြီး သုံးဦး မိုင်းစထိမှန်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအုပ်၊ ဆရာ၊   ဆရာမ လေးဦးနှင့် အရပ်သားဝန်ထမ်းတစ်ဦးတို့    ဒဏ်ရာများရရှိခဲ့ကြောင်း၊  ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ရင်နင့်ဖွယ် ကြားသိ ရပါသည်။

 


အဆိုပါ အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့် ပတ်သက်၍    မြန်မာနိုင်ငံစာရေးဆရာအသင်းက  လုံးဝလက်မခံ  ကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။ 


မြန်မာနိုင်ငံစာရေးဆရာအသင်း