
ရန်ကုန် ဇူလိုင် ၂၉
မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟို အမှုဆောင်ကော်မတီ (၃ /၂ဝ၂၂) အစည်းအဝေး ကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ အသင်းအစည်းအဝေးခန်းမ ၌ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သည့်ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးစိုးမြင့် (စိုးမှူး)နှင့် ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး များ၊ ဗဟိုအမှုဆောင်ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး အတွင်းရေးမှူးက လုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တက်ရောက်လာ ကြသူများက ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အရင်း မပျောက် မတည်ငွေအဖြစ် လှူဒါန်းခဲ့သော အလှူငွေများနှင့်ပတ်သတ်၍ အသင်းက စနစ် တကျစီစဉ်ထားရှိပြီး အသင်းဝင်များ၏ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ တတိယအကြိမ်ညီလာခံကချမှတ် ထားသောဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ရေး၊ လုပ်ငန်းကော်မတီအသီးသီး နှင့် လုပ်ငန်းတာဝန်များ ခွဲဝေခြင်း၊ အသင်းဝင်များ၏ နာရေးနှင့် နာမကျန်း ထောက်ပံ့ကြေးပေးအပ်ရေး၊ နဝမအကြိမ် အသင်းဝင်များ၏သားသမီးများ ပညာရည်ချွန် ဆုချီး မြှင့်ရေး၊ ၁၃၈၄ ခုနှစ် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပရေး တို့ကို ဆွေးနွေးညှိနှိုင်းကြကြောင်း သိရ သည်။
သတင်းစဉ်