မြန်မာနိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ်ဥယျာဉ်များ (သို့မဟုတ်) အဓိကအရေးပါသော ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာနယ်မြေများ

 

  သီဟစည်သူ

(ဩဂုတ် ၅ ရက်မှအဆက်)
(၇)  မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်
ဘေးမဲ့တော
မိန်းမလှကျွန်း     တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၁၅ ခုနှစ်တွင် မိန်းမ လှကျွန်း   ထင်းကြိုးဝိုင်းအဖြစ်    စတင် ဖွဲ့စည်းခဲ့သည်။  ၁၉၈၅ ခုနှစ်တွင် မိန်းမလှ ကျွန်း(တိုးချဲ့) ကြိုးဝိုင်းအဖြစ်    လည်း ကောင်း၊ ၁၉၉၄ ခုနှစ်တွင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်   ဘေးမဲ့တောအဖြစ် လည်းကောင်း   သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၂၀ဝ၃   ခုနှစ်တွင်   အာဆီယံအမွေအနှစ် ဥယျာဉ်နှင့် ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ် ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်အတွင်းရှိ  အဆိုပါဘေးမဲ့တော သည်  ၃၃၇၇၉ ဧက အကျယ်အဝန်းရှိပြီး နို့တိုက်သတ္တဝါ ၁၈ မျိုး၊ ငှက် ၁၉၀၊ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၃၈ မျိုး၊ ငါး ၁၁၀၊ ကဏန်း ခြောက်မျိုး၊ ပုစွန် ၁၄ မျိုး၊ လိပ်ပြာ   ၃၅  မျိုး၊    ဒီရေတောသစ်မျိုး ၂၉ မျိုး၊    သစ်ခွ   ခြောက်မျိုး   တည်ရှိပြီး  ဒီရေတောအတွင်း    ဒေသခံများ၏   မိရိုး ဖလာ  ငါးဖမ်းနေမှုများ၊  ငှက်၊  ဧရာဝတီ လင်းပိုင်၊   ပင်လယ်လိပ်များ၏   နေထိုင် ကျက်စားမှုများကို     လေ့လာနိုင်မည်ဖြစ် ကြောင်း       သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနမှ သိရသည်။
ယင်းဘေးမဲ့တောသည် အနီးပတ်ဝန်း ကျင်ရှိ      ကျေးရွာပေါင်း    ၃၂   ရွာမှ အိမ်ထောင်စု ၈၀၀၀ ကျော်၏ စားဝတ်နေ ရေးအတွက်     မှီခိုရာလည်းဖြစ်သည့် အပြင် မိန်းမလှကျွန်းဒီရေတောများသည် သဘာဝ    ဘေးအန္တရာယ်များ၏ဒဏ်မှ တံတိုင်းသဖွယ် အကာအကွယ်ပေးလျက် ရှိသည်။
(၈)  နတ်မတောင်တောရိုင်းတိရစ္ဆာန်
ဘေးမဲ့တောဥယျာဉ်
နတ်မတောင် အမျိုးသားဥယျာဉ် သည်      အပင်နှင့်      ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝသော အမျိုးသားဥယျာဉ် တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံ၏ ဂုဏ်ယူ ဖွယ် ဝိတိုရိယတောင်နှင့် တိုင်းရင်းသား တို့၏   ရိုးရာလုပ်ငန်းများ  တည်ရှိသည့် အပြင် တောင်ဇလပ်ပန်းများ ပွင့်လန်းရာ အာဆီယံအမွေအနှစ်ဥယျာဉ် တစ်ခုလည်း ဖြစ်သည်။
နတ်မတောင်      အမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ     မျိုးသုဉ်းပျောက် ကွယ်ခြင်းမရှိစေရန်နှင့်  သဘာဝပတ်ဝန်း ကျင် ရေရှည်တည်တံ့စေရန်ရည်ရွယ်ကာ ၁၉၃၆ ခုနှစ်မှစ၍  သစ်တောဥပဒေအရ ဥတုထိန်းကြိုးဝိုင်းအဖြစ်         ဖွဲ့စည်း ကာကွယ်ထိန်းသိမ်းခဲ့သည်။ ၁၉၉၅  ခုနှစ် မှစ၍  ကန်ပက်လက်မြို့၌ အုပ်ချုပ်ရေးမှူး ရုံး    ဖွင့်လှစ်ပြီး     အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများကို     စတင် ဆောင်ရွက်ခဲ့ကာ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆ဝ/၉၇) ဖြင့် အမျိုးသားဥယျာဉ်အဖြစ်  ဖွဲ့စည်းတည်ထောင်ရန် ရည်ရွယ်ကြောင်း  ကြေညာခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်တွင်  အမိန့်ကြော်ငြာစာ  အမှတ်    (၁၆၄/ ၂ဝ၁ဝ) ဖြင့်   နတ်မတောင်အမျိုးသား ဥယျာဉ်အဖြစ်   အတည်ပြုခဲ့ပြီး    ၂ဝ၁၂   ခုနှစ် စက်တင်ဘာ  ၂ဝ ရက်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ်        တိုးမြှင့် သတ်မှတ်ခဲ့သည်။
နတ်မတောင်       အမျိုးသားဥယျာဉ် သည် ကန်ပက်လက်၊  မတူပီနှင့်  မင်းတပ် မြို့နယ်တို့အတွင်း တည်ရှိ ပြီး ကန်ပက်လက်မြို့ ၌ ၂၉၄၉၅  ဧက၊  မင်းတပ်မြို့ ၌ ၁၃၃၉ဝ၇   ဧကနှင့်    မတူပီမြို့၌   ဧက  ၁၂ဝဝဝ   ကျယ်ဝန်း သည်။    အာဆီယံ အမွေ     အနှစ် ဥယျာဉ်အဖြစ် တိုးမြှင့် သတ် မှတ်ခဲ့
သော ရည်ရွယ်ချက်မှာ  တောင်ပေါ်ဂေဟစနစ် နှင့်    ဇီဝမျိုးစုံမျိုးကွဲများ၏    နေရင်း ဒေသများကို   ထိန်းသိမ်းကာကွယ်ရန်၊  နိုင်ငံ၏အရေးကြီးသော ရေဝေရေလဲဒေသ ကို   ထိန်းသိမ်းကာကွယ်ရန်၊  ဒေသခံ ပြည်သူများအား ထိန်းသိမ်းရေးဆိုင်ရာ သိမြင်နိုးကြားမှုမြှင့်တင်ရန်၊ သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းမှ  ဝင်ငွေ ရရှိခြင်းဖြင့်  ဒေသဖွံ့ဖြိုးမှုကို  အထောက် အကူပြုနိုင်ရန် ရည်ရွယ်သည်။
နတ်မတောင်  အမျိုးသားဥယျာဉ်၌ သာ    တွေ့ရှိရသော     ဒေသရင်းအပင် မျိုးစိတ်လေးမျိုးဖြစ်သည့် တောင်ဇလပ်ဝါ၊ တောင်ဇလပ်ဖြူ၊ မြေကပ်ပန်းနှင့် ပိုတင် တီလာမြေကပ်ပန်းပင်တို့သည်      နိုင်ငံ အတွက် ဂုဏ်ယူဖွယ်ပန်းမျိုးစိတ်များဖြစ် သည်။ ဆတ်၊ တောဝက်၊ ခွေးအ၊ ကျားသစ်၊ အင်းကျား၊ သစ်ကြောင်၊  ကြောင် ကတိုး၊ ဝံကြောင်နှင့် သင်းခွေချပ် စသည့်    နို့တိုက်သတ္တဝါ များ၊ တောရိုင်းတိရစ္ဆာန် များ နေထိုင်လျက်ရှိပြီး နို့တိုက်သတ္တဝါ ၃၅ မျိုး၊ အင်းဆက်မျိုးစိတ် ၁၅၅ မျိုး၊      ကုန်းနေရေနေ သတ္တဝါ  ၁ဝ၆  မျိုး၊  ငှက်မျိုးစိတ် ၃၄၅ မျိုး၊  လိပ်ပြာမျိုးစိတ်  ၇၇ မျိုး၊ အပင် မျိုးစိတ်  ၉၁၄  မျိုး၊   သစ်ခွမျိုးစိတ်  ၂ဝ၂ မျိုးနှင့်       ဆေးဖက်ဝင်     အပင်မျိုးစိတ်  ၁ဝ၈   မျိုး      ရှင်သန်ပေါက်ပွားလျက် ရှိသည်။
မြန်မာနိုင်ငံတွင် ငှက်ပြာခြောက်မျိုး စိတ်  ခုနစ်မျိုးရှိရာ    ယင်းတို့အနက်မှ  မျက်ခုံးဖြူငှက်ပြာခြောက်နှင့်    မြန်မာ တစ်ငှက်တို့သည်       ချင်းပြည်နယ် တောင်ပိုင်း     နတ်မတောင်ဒေသ၌သာ    နေထိုင်ကျက်စားသည့်       မြန်မာ့ဒေသရင်း  (Endemic)     ငှက်မျိုးစိတ်များဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ     အရေးပါလှသည့် နေရာတစ်ခု ဖြစ်သည်။          
(ဆက်လက်ဖော်ပြပါမည်)