
ရန်ကုန် ဒီဇင်ဘာ ၁၂
အရှေ့တီမောသမ္မတ၏ မြန်မာ့အရေး ပြောကြား ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာ သိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ် လေ့လာသူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမောသမ္မတ၏ မြန်မာ့အရေး စွက်ဖက်မှုနှင့် ပတ်သက်၍ လက်မခံကြောင်း နိုင်ငံရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တပ်မတော် သားများကို တိုက်တွန်းသည်ဟုဆိုကာ အရှေ့တီမော နိုင်ငံ၏သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ က ပြော ကြားလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးက အထက်ပါအတိုင်း မြန်မာ့အရေးကိုလေ့လာရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကလည်း လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအကြောင်းကို ပြောချင်ရင် မြန်မာ နိုင်ငံရဲ့သမိုင်းကို အရင်ဆုံးသိအောင် လုပ်ပါလို့ ပြောချင်ပါတယ်။ သမိုင်းကြောင်းကိုမသိဘဲ ဝေဖန် တယ်ဆိုရင် ဒါက ဝေဖန်တာနဲ့မတူဘဲ တစ်ခါတစ်ရံ ကျတော့ လေကန်တာမျိုး ဖြစ်သွားတတ်တယ်။ လေကန်တယ်ဆိုတာမျိုးက အထောက်အထား ပြုရမယ့် အရာတွေ၊ ကိုးကားရမယ့်အရာတွေ မသိဘဲနဲ့ ပြောတာမျိုးကို လေကန်တယ်လို့ ပြောကြားတာပေါ့” ဟု အထက်ပါ နိုင်ငံရေး သုံးသပ်လေ့လာသူက ဆိုသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်းက နှစ်ခါမက သုံးခါအထိ မဲပေးခွင့်ရခဲ့သူများပင် ရှိခဲ့ ကာ ထိုသို့ဖြစ်စဉ်မျိုးသည် အောက်ခြေကပင် ဖြစ် သည်ဖြစ်စေ ခေါင်းဆောင်ကသာ ဖြေရှင်းရပြီး အဆိုပါဖြစ်စဉ်မျိုးကို တီမောသမ္မတအနေဖြင့် သိရှိနားလည်ထားမည်ဟု မထင်ကြောင်း ၎င်းက ဆိုသည်။
“တစ်ခုလောက်မေးစမ်းပါရစေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာထိန်းပြီးကတည်းက ဒီနေ့အထိ သံရုံးတွေ တံခါးပိတ်ပြီး မြန်မာနိုင်ငံက ပြန်သွားတာ ဘယ်နှနိုင်ငံ ရှိပါသလဲခင်ဗျာ။ တီမော သမ္မတကြီးခင်ဗျာ။ မြန်မာနိုင်ငံသံရုံးတွေကို ဘယ်နိုင်ငံက တံခါးပိတ်ပြီး မင်းတို့ပြန်တော့လို့ ပြောတာရှိပါသလဲခင်ဗျာ။ တပ်မတော်ကို ခွဲတာက တိုင်းပြည်ကို ခွဲတာနဲ့အတူတူ ဖြစ်ပါတယ်။ မြောက် ဗီယက်နမ် ၊ တောင်ဗီယက်နမ် ကွဲသွားခဲ့ဖူးပါတယ်။ တောင်ကိုရီးယား ၊ မြောက်ကိုရီးယား ကွဲသွားခဲ့ပါ တယ်။ ဗီယက်နမ်က ပေါင်းပေမယ့် ကိုရီးယားက တော့ ကွဲမြဲပါ။ ဒီလိုမျိုးတွေမဖြစ်ဖို့ ဝိုင်းဝန်း ထိန်းသိမ်းပြီး ဘိုးဘွားအစဉ်အဆက် တည်ရှိတဲ့ နယ်နိမိတ်တွေက ဆက်တည်ရှိပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘဲ ဖေးမကူညီခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်” ဟု အထက်ပါသုံးသပ်လေ့လာသူက ဆိုသည်။
တီမောနိုင်ငံအနေဖြင့် နိုင်ငံငယ်သာဖြစ်ပြီး အနောက်အုပ်စုနိုင်ငံမှ ပိုက်ဆံရရှိရန်အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြောနေခြင်းသာ ဖြစ်ကာ တီမောသမ္မတက ပြောသည့်အတွက် တပ်မတော်သည် ပြိုကွဲသွားမည်မဟုတ်၊ ရှုံးသွား မည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံအရေး သုံးသပ် လေ့လာသူတစ်ဦးဖြစ်သည့် ဦးဘိုဘိုကျော်ငြိမ်းက ဆိုသည်။
“ကျွန်တော်ကတော့ တီမောသမ္မတ ပြောလည်း သူပြောနေတာ အလကားသက်သက်ပဲ။ ဘာမှ မဖြစ်ဘူး။ တီမောသမ္မတက ဘာပြောလို့ ညာပြော လို့ဆိုတာ စိတ်မပူပါဘူး။ လေကုန်တာပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
တီမောသမ္မတ၏ ပြောကြားချက်သည် နိုင်ငံ ရေး မျက်နှာစာတွင် ထင်ပေါ်စေရန်အတွက် လုပ် ဆောင်ခြင်းဟုသာ ရှုမြင်မိကြောင်းနှင့် တီမော သမ္မတ ပြောကြားချက်ကို ငြင်းဆိုလိုကြောင်း ဒီမို ကရက်တစ်ပါတီ(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေ က သုံးသပ်ပြောကြားသည်။
“သူတို့ကိုယ်သူတို့ Role တင်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ စွက်ဖက်တာကတော့ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း စွက်ဖက်နေတာပဲ။ ပြောချင်တာက ကျွန်တော်တို့က ဖွဲ့စည်းပုံအတိုင်း သွားနေတာကို ဘယ်နိုင်ငံကမှ Mother law ကို စွက်ဖက်လို့မရဘူး” ဟု ၎င်းက ဆိုသည်။
ထက်ဦးမောင်