
နေပြည်တော် ဧပြီ ၃၀
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ တတိယသက်တမ်းအတွက် ကောင်စီဝင်အသစ်များ ရွေးချယ်နိုင်ရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်း အမှတ် (၅/က) မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးနှင့် ဒေါက်တာ ချာလီသန်း၊ ဦးအေးမြင့်၊ဒေါက်တာ ညီလှငယ်၊ ဒေါက်တာဝင်းမြင့်၊ ဦးဟံစိန်၊ ဒေါက်တာစိန်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီ နာယက၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးက ဆောက် လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ တာဝန်ခံဝန်ကြီးဌာန ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ နာယက ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ၏ Professional Level အင်ဂျင်နီယာ ပညာရေး ကို အာဆီယံဒေသအတွင်းနှင့် အာရှပစိဖိတ်ဒေသမှ အသိအမှတ် ပြုရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ဝါရင့်ပညာရှင်ကြီး များ၏ ပူးပေါင်းပါဝင်မှုအင်အားကို ရယူကာ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကောင်စီ၏ ရည်မှန်းချက်များ အောင်မြင်စေ ရေးအတွက် ညီညွတ်စွာနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ အင်ဂျင်နီယာ ကျင့်ဝတ်သိက္ခာများကို အစဉ် စောင့်ထိန်း လိုက်နာကြစေလို ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အညီ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ၍ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက များဖြစ်ကြသည့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဦးအေးမြင့်တို့က တတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဝင်များအား သတ်မှတ်ချက် များနှင့်အညီ ရွေးချယ်မည့် အစီ အစဉ်များ၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် များနှင့် လိုက်နာဆောင်ရွက်ရမည့် အင်ဂျင်နီယာ ကျင့်ဝတ်သိက္ခာ များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာသည့် မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကများက တတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဝင်များ ရွေးချယ်နိုင်ရေး အတွက် ဥပဒေပါစည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက် များ၊ ကောင်စီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် အကြံပြုဆွေးနွေးကြပြီး တတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဝင်များ အား ပဏာမရွေးချယ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်