မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းအချောထည် အဓိကဈေးကွက်ဖြစ်ရန် ဖော်ဆောင်နိုင်ရေးလိုအပ်

 

 

နေပြည်တော်   ဩဂုတ်  ၂၄ 


မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းအချောထည် ထုတ်လုပ်ခြင်း၏ အဓိကဈေးကွက်ဖြစ်ရန် ဖော်ဆောင် နိုင်ရေးလိုအပ်ပါကြောင်း၊ အခြေခံအဆောက်အဦများ အသင့်ရှိပြီးဖြစ်၍  ရှေ့တစ်လှမ်းတိုးပြီး ဖွံ့ဖြိုးတိုးတက် ရန် မူဝါဒနှင့်လုပ်ငန်းစဉ်များ မှန်ကန်စွာဖော်ထုတ်နိုင်ရန်  ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း  ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။ 
ယနေ့နံနက်ပိုင်းက      ရုံးအမှတ်   (၁၉) ရှိ အစည်းအဝေးခန်းမ၌  ကျင်းပသည့် ကျောက်စိမ်း အချောထည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထ အကြိမ် ညှိနှိုင်းအစည်းအဝေးတွင်   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်     ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက     ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးက ကျောက်စိမ်းများကို အရိုင်းအတိုင်း ပြည်ပသို့ တင်ပို့ခဲ့ သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန် မြို့တွင်    ပင်လုံရတနာဈေး   တည်ဆောက်ခဲ့သော် လည်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ နေပြည်တော်တွင် ရွှေကြာပင်ကျောက်မျက်ရတနာ ဈေးကို ၂၀၁၂ ခုနှစ်ကပင်   မြေဧရိယာ ၂၂၅ ဧက၊ အကွက်ပေါင်း   ၁၂၂   ကွက်တွင်       အချောထည် များ   ထုတ်လုပ်ရောင်းချနိုင်မည့်     အဆောက်အဦများ နှင့်  စက်ရုံ အလုပ်ရုံများကို ဆောက်လုပ်ဆောင်ရွက် စေခဲ့ကြောင်း၊ အဆောက်အဦအများစုမှာ ပြီးစီးခဲ့ပြီး ယခုအခါ     လက်တွေ့     အချောထည်လုပ်ငန်း ဆောင်ရွက်နိုင်သူ အနည်းငယ်သာရှိသည်ကို တွေ့ရှိ ရကြောင်း၊   အချောထည်လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရန်လိုအပ်သည့်    လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်သင်ကြားပေးမည့်    ကျောက်မျက်ရတနာသင်တန်းကျောင်းကိုလည်း      တည်ဆောက်ပြီး သင်တန်းများ    စတင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ Gem Trading Center ကို  တည်ဆောက်ထားပြီးလည်း ဖြစ်ပါကြောင်း၊ အချောထည် လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရန်   လိုအပ်သည့်    အခြေခံအဆောက်အဦများ အဆင်သင့်အနေအထား     ဖြစ်နေပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင်     ကျောက်စိမ်းထွက်သည့်နိုင်ငံ အနည်းငယ်သာရှိပြီး  မြန်မာနိုင်ငံမှ   ထွက်သည့် ကျောက်စိမ်းသည် အရည်အသွေးနှင့်အရောင်တွင် အကောင်းဆုံးဖြစ်ပါကြောင်း၊  ကျောက်စိမ်းဖြစ်စေ သည့်    ဘူမိအသွင်ပြောင်း   ကျောက်ဖြစ်စဉ်ကို မြန်မာနိုင်ငံတွင် ဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် တွေ့ရှိခြင်းမှာ    ထူးခြားချက်တစ်ခုဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင်  မြန်မာနိုင်ငံကျောက်မျက် ရတနာအသင်းမှ  တာဝန်ရှိသူများ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူများ၊ ကျွမ်းကျင်သူများ ပါဝင်သဖြင့် မိမိတို့တစ်ဦး တစ်ယောက်တစ်ဖွဲ့၏ အကျိုးအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ကျောက်စိမ်း အချောထည် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံ ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ ကုန်ချော ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းနှင့် ပြည်တွင်းရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း  ဆွေးနွေးကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများက ကျောက်မျက် အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက်   ဆွေးနွေးတင်ပြခဲ့ကြပြီး  ဒုတိယ ဝန်ကြီး၊       အမြဲတမ်းအတွင်းဝန်နှင့်     မြန်မာ့ ကျောက်မျက်ရတနာ           ရောင်းဝယ်ရေးလုပ်ငန်း၊    ဦးဆောင်ညွှန်ကြားရေးမှူးတို့က   လိုအပ်သည်များ ကို       ဖြည့်စွက်အကြံပြု     ဆွေးနွေးတင်ပြကြရာ     ပြည်ထောင်စုဝန်ကြီးက    ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း    သိရသည်။ 
သတင်းစဉ်