မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ လားရှိုးမြို့ပေါ်ရှိ အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများ၊ လူငယ်သင်တန်းကျောင်းနှင့် ဆင်းရွှေလီဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၁၈


မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ         အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးပေါ်လွင်စိန်တို့ အဖွဲ့သည်  ယမန်နေ့နှင့်  ယနေ့ တွင် လားရှိုးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ လူငယ်သင်တန်း ကျောင်းနှင့် ဆင်းရွှေလီဘိုးဘွား  ရိပ်သာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


အလှူငွေများ ပေးအပ်


ကြည့်ရှုစစ်ဆေးစဉ် လားရှိုး လူငယ်    သင်တန်းကျောင်းတွင် ကလေးငယ်များကို တွေ့ဆုံခြင်း၊ ဆင်းရွှေလီ   ဘိုးဘွားရိပ်သာတွင် အဘိုး/အဘွားများကို တွေ့ဆုံပြီး  အားပေးစကားပြောကြားခြင်းတို့  ဆောင်ရွက်ခဲ့ပြီး  တာဝန်ရှိသူများ ကို   လိုအပ်သည်များ   ညှိနှိုင်း မှာကြား၍ အလှူငွေများ ပေးအပ် လှူဒါန်းသည်။

 


မေးမြန်းမှတ်တမ်းတင်


အကျဉ်းထောင်၊    ရဲစခန်း အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေး စဉ် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက် များ၊   ကော်မရှင်ဥပဒေလုပ်ထုံး လုပ်နည်း ထုတ်ပြန်ချက်များနှင့် အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/     အချုပ်သူများကို အုပ်စုလိုက်ခွဲ၍      တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး  ရရှိမည့်    အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင် စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊   ရသင့်ရထိုက်သော   အသုံး အဆောင်ပစ္စည်းများရရှိခြင်း   ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို  မေးမြန်းမှတ်တမ်း တင်ခြင်းနှင့်  ယခင်က   ကြည့်ရှု စစ်ဆေးခဲ့သည့် အကြံပြုချက်များ အပေါ်     အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို  ကြည့်ရှု စစ်ဆေးသည်။

 


ကြည့်ရှုစစ်ဆေး


အကျဉ်းထောင်ကို ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များ၏ အိပ်ဆောင်များ၊ အကျဉ်း ထောင်ဆေးရုံ၊    တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သောက်ရေ နှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့်အဆောင်၊  အတွင်း/အပြင်  မိလ္လာများ  သန့်ရှင်းမှု ရှိ မရှိတို့ကိုလည်းကောင်း၊   လတ် တလော   ဖြစ်ပွားလျက်ရှိသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိ မှုတို့ကိုလည်းကောင်း   ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြု ချက်များကို လိုအပ်သလို  အရေး ယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့        အကြံပြု     ပေးပို့သွားမည်ဖြစ်ကြောင်း   သိရ သည်။


သတင်းစဉ်