မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် မအူပင်အကျဉ်းထောင် ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့်အဖွဲ့သည် ယနေ့တွင် မအူပင် အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်   ကော်မရှင်ဥပဒေ    ပြဋ္ဌာန်း ချက်များနှင့်အညီ      အကျဉ်းသား/   အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံ ကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့် အရေးဖြစ်သော  နေထိုင်စားသောက်မှု၊  ကျန်းမာရေး စောင့်ရှောက်မှု   ရှိ  မရှိ၊   အကျဉ်းထောင်သတ်မှတ် စည်းကမ်းချက်များနှင့်အညီ     လာရောက်ပို့ဆောင် ပေးသော ထောင်ဝင်စာပစ္စည်းများ  စုံလင်စွာရရှိခြင်း  ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ  ရရှိခြင်းရှိ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများ အတွင်း ညှဉ်းပန်းနှိပ်စက်မှု  ရှိ  မရှိတို့ကို မေးမြန်း မှတ်တမ်းတင်ခြင်းနှင့် တစ်ဦးချင်း တွေ့ဆုံလိုသည့်  အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များနှင့်တွေ့ဆုံကာ  ယင်းတို့၏  တင်ပြချက်များကို မှတ်တမ်းတင်သည်။
ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ် သား/ အချုပ်သူများ၏ အိပ်ဆောင်များသန့်ရှင်းမှု၊   အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု ရှိ မရှိ ၊ တိုက်ခန်း များ၊ ဆေးရုံခန်း၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေ၊ သုံးရေကန်များနှင့်      စာကြည့်တိုက်တို့ကိုလည်း ကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြား ချက်များအပေါ်      လိုက်နာဆောင်ရွက်ထားရှိမှုနှင့် Quarantine ထားရှိသည့် အဆောင်အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း  မြန်မာပြန်  စာသားများပါရှိသော   မှတ်စု စာအုပ် ၅၀၀ ကို ကော်မရှင်က လှူဒါန်းရာ အကျဉ်း ထောင်  တာဝန်ခံက  လက်ခံရယူသည်။ မအူပင် အကျဉ်းထောင် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက် နှင့်  အကြံပြုချက်များကို  လိုအပ်သလို  အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက်    သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်