မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်ထုတ်စခန်းများ၊ ရဲစခန်းအချုပ်ခန်းနှင့် ဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့် အရေး      ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်  ဦးဆောင်သောအဖွဲ့ သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ  ဇန်နဝါရီ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို ကျား (၁)ကုန်ထုတ်စခန်းနှင့် ကျား (၂)ကုန်ထုတ်စခန်းများ၊ ဇန်နဝါရီ ၁၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန   ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့်   ပြင်ဦးလွင် မြို့နယ်ရှိ      အကျဉ်းဦးစီးဌာန ၂၄ မိုင် ကုန်ထုတ်စခန်းများ၊ ယနေ့ တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ရဲစခန်း အချုပ်ခန်းများနှင့်    ချယ်ရီမြေ ဘိုးဘွားရိပ်သာတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကော်မရှင်    အဖွဲ့ဝင်သည်  ကုန်ထုတ်စခန်းများနှင့်    ရဲစခန်း အချုပ်ခန်းတို့ကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သား/ အကျဉ်းသူ၊   အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များ တွင်တွေ့ဆုံကာ   အကျဉ်းသား၊ အချုပ်သား  တစ်ဦး၏   အနိမ့်ဆုံး ရရှိရမည့်  အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ များ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ သန့်ရှင်းသောသောက်ရေ နှင့်  သုံးရေလုံလောက်မှု   ရှိ မရှိ၊ မိသားစုနှင့်    တွေ့ဆုံခွင့်အခြေ အနေ၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ   ရရှိ ခြင်း ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် အချုပ်ခန်းအတွင်း သန့်ရှင်း မှု ရှိ မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ    တွေ့ဆုံ ခွင့်  တောင်းခံသူ   အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များကို သီးခြားတွေ့ဆုံ  မေးမြန်း မှတ်တမ်းတင်ခဲ့သည်။
ယင်းနောက် ကုန်ထုတ်စခန်း များရှိ အကျဉ်းသား/ အကျဉ်းသူ များ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊   ရေသန့်စက်၊    သုံးရေ ကန်များ၊   အတွင်း /  အပြင် မိလ္လာများ  သန့်ရှင်းမှု   ရှိ    မရှိ   စသည်တို့ကို   ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ပြင်ဦးလွင်မြို့နယ် ရှိ      ချယ်ရီမြေဘိုးဘွားရိပ်သာ ၌  လက်ခံစောင့်ရှောက်ပေးလျက် ရှိသောဘိုးဘွားများကို အိပ်ဆောင် များတွင်  သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို    ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ အစားအစာ နှင့် အာဟာရဖြည့်ဆည်းကျွေးမွေး မှုအခြေအနေ၊    သန့်ရှင်းသော သောက်ရေနှင့်  သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊  ဘိုးဘွား အိပ်ဆောင်များ၊    ရေချိုးခန်း၊ သန့်စင်ခန်း၊   စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊    ဘိုးဘွား များ      အနားယူအပန်းဖြေရန်     စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကော်မရှင်အဖွဲ့ဝင်၏ ခရီးစဉ် အတွင်း  စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို  သင့်လျော် သည့် အရေးယူဆောင်ရွက်ပေးနိုင်‌ ရေးအတွက်    သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်    ဖြစ် ကြောင်း သိရသည်။   
သတင်းစဉ်