မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ကျိုင်းတုံအကျဉ်းထောင်နှင့် ကျိုင်းတုံ၊ တာချီလိတ်မြို့မရဲစခန်း၊ တရားရုံးအချုပ်ခန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ    ၁၂


မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ       အဖွဲ့ဝင် ဦးကျော်မြင့်     ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး     အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်နှင့်    ၁၁ ရက် တို့တွင်    ကျိုင်းတုံအကျဉ်းထောင် နှင့် ကျိုင်းတုံမြို့မ ရဲစခန်း၊ တရား ရုံးအချုပ်ခန်းများကို    လည်း ကောင်း၊ ယနေ့တွင်  တာချီလိတ် မြို့မ ရဲစခန်း၊ တရားရုံးအချုပ်ခန်း များကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ကြည့်ရှု      စစ်ဆေးရာတွင် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ   အကျဉ်းသား/အကျဉ်း သူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍     တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏  အနိမ့်ဆုံး  ရရှိမည့်     အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊   ကျန်းမာ ရေး     စောင့်ရှောက်မှု      ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိနှင့်  ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ    စသည်တို့ကို   မေးမြန်း မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးသည့်   အကြံပြု ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှုတို့ကို   ကြည့်ရှု စစ်ဆေးသည်။

 


ကျိုင်းတုံ   အကျဉ်းထောင်ကို ဝင်ရောက်     ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊  အချုပ် သား/အချုပ်သူများ၏ အိပ်ဆောင် များ၊   အချုပ်ထောင်၊   အကျဉ်း ထောင်ဆေးရုံ၊     တိုက်ခန်းများ၊ စာကြည့်တိုက်၊  စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊  ရေသန့်စက်၊  သောက်ရေ နှင့်  သုံးရေကန်များ၊ Quarantine ထားရှိသည့်အဆောင်၊    အတွင်း/အပြင်   မိလ္လာများ   သန့်ရှင်းမှု ရှိ  မရှိတို့ကို         လည်းကောင်း၊ လတ်တလော   ဖြစ်ပွားလျက်ရှိ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနှင့်စပ်လျဉ်း၍     ဆောင်ရွက် ထားရှိမှုတို့ကို    လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ 

 


ကြည့်ရှု   စစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း   စစ်ဆေးတွေ့ရှိ ချက်နှင့်     အကြံပြုချက်များကို      လိုအပ်သလို အရေးယူဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ သို့  အကြံပြုပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်