မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးတက်ရောက်

 

နေပြည်တော်  ဒီဇင်ဘာ  ၁
အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့်  ဖွဲ့စည်းထားသည့်  အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့   (ASEAN Parties Against Corruption - ASEAN-PAC) ၏ (၁၉) ကြိမ်မြောက်  အကြီးအမှူးများအစည်းအဝေး ပထမနေ့ကို   နိုဝင်ဘာ   ၂၉   ရက်တွင်    လာအိုနိုင်ငံ ဗီယင်ကျန်းမြို့    Landmark Mekong Riverside Hotel ၌  ကျင်းပရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။  
အစည်းအဝေးတွင် သဘာပတိအဖြစ် လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ H.E. Mr.Khamphanh PHOMMATHATH ကဆောင်ရွက်  ပြီး ယခင်နှစ်က  ကျင်းပခဲ့သည့်   (၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးမှတ်တမ်းကို အတည် ပြုခြင်း၊  ယခင်နှစ်က အလှည့်ကျ  သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့်    ကမ္ဘောဒီးယားနိုင်ငံ    အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့မှ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များကို    ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံ    အသီးသီးအနေဖြင့်   ၂၀၃၀    ပြည့်နှစ် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေး  ရည်မှန်းချက် ပန်းတိုင်များ  အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်   ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ    စွမ်းဆောင်ရည်နှင့်   အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ  ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍    နိုင်ငံ အလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး  (UNODC)  ဒေသဆိုင်ရာ ကိုယ်စားလှယ်မှ ဆွေးနွေးတင်ပြခြင်းတို့ကို  ဆောင် ရွက်ခဲ့ကြသည်။ 
မြန်မာနိုင်ငံ   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်  အဂတိလိုက်စားမှု    တိုက်ဖျက် ရေးတွင် အများပြည်သူဆိုင်ရာ အသိပညာပေးမှုနှင့် အများပြည်သူမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို    အလေးထား   ဆွေးနွေးခဲ့ပြီး အစိုးရနှင့်    ပုဂ္ဂလိကကဏ္ဍများတွင်     ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများ၊ အသိပညာပေးအစီအစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့်  ပူးပေါင်း ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စား မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ ဖြောင့်မတ်တည်ကြည်မှု    လူငယ်စကားဝိုင်းများနှင့် Edutainment   အစီအစဉ်များမှတစ်ဆင့်   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များပါဝင်လာ ရေး     မြှင့်တင်ဆောင်ရွက်နေမှု၊    Edutainment အစီအစဉ်များတွင်ပါဝင်သည့် ကျောင်းသားများနှင့် ဆရာ  ဆရာမများထံမှ  ကောင်းမွန်သည့်တုံ့ပြန်မှုများ ရရှိခဲ့မှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များကိုလည်း   ထုတ်ဝေဖြန့်ချိခြင်း ဆောင်ရွက်နေမှု၊  ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ အဖွဲ့များနှင့်ပူးပေါင်း၍   အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit– CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊  အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်  (Public Feedback Programme – PFP) များ ဆောင်ရွက်နေမှု၊  နိုင်ငံ့ ဘဏ္ဍာ ပြန်လည်ရယူနိုင်ရန် ဦးတည်၍ စုံစမ်းစစ်‌ဆေး မှုများ ဆောင်ရွက်နေမှု၊ သတင်းပေးသူအကာကွယ် ပေးရေး     ဥပဒေမူကြမ်း    ရေးဆွဲဆောင်ရွက်နေမှု နှင့်      နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ   ပါဝင်ဆောင်ရွက်နေမှုတို့ကို   ဆွေးနွေး ပြောကြားခဲ့သည်။     
ထို့အပြင် ယင်းနေ့နံနက်ပိုင်းတွင်   မြန်မာနိုင်ငံ အဂတိလိုက်စားမှု    တိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုနိုင်ငံ    အစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင် အဖွဲ့တို့အကြား   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ  နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခြင်း၊ ညနေပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်နှင့်     လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (State Inspection  Authority - SIA)  ဥက္ကဋ္ဌ   H.E. Mr.Khamphanh PHOMMATHATH  ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊  ထိုင်းဘုရင့်နိုင်ငံ အမျိုးသားအဂတိလိုက်စားမှုဆန့်ကျင်ရေးကော်မရှင် (National Anti-Corruption Commission-NACC)  မှ  Deputy Secretary- General  Mr.Prateep   Juthasron ခေါင်းဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း       တွေ့ဆုံ၍   အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်စပ်လျဉ်း၍      ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။  ထို့နောက်  လာအိုနိုင်ငံ အစိုးရ စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့  (State Inspection Authority - SIA)  ဥက္ကဋ္ဌက  တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ 
အစည်းအဝေး  ဒုတိယနေ့ဖြစ်သည့်  နိုဝင်ဘာ ၃၀ ရက်တွင် ASEAN-PAC E-Booklet မူကြမ်းနှင့် လွှင့်တင်ရေးကိစ္စရပ်များဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ် တွင်   ASEAN-PAC   အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်မည့် အဆိုပြုခေါင်းစဉ်အပေါ် ဆွေးနွေးခြင်း၊ ၂၀၂၄    ခုနှစ်   အဖွဲ့ဝင်အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့်  အင်ဒိုနီးရှားနိုင်ငံ KPK မှ အစည်း အဝေးလက်ခံကျင်းပရေးကိစ္စရပ်များ  ဆွေးနွေးခြင်း၊ ASEAN- PAC   ၏   ဆက်သွယ်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များစာရင်းအား အတည်ပြုခြင်းတို့ ဆောင်ရွက် ခဲ့ပြီး ပိတ်ပွဲအခမ်းအနားသို့ လာအိုနိုင်ငံ အစိုးရစုံစမ်း စစ်ဆေးရေးအာဏာပိုင်အဖွဲ့   (State Inspection Authority - SIA)  ဥက္ကဋ္ဌ   H.E. Mr. Khamphanh PHOMMATHATH   က     ကျေးဇူးတင်စကား ပြောကြား၍   အခမ်းအနားကို   ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                     သတင်းစဉ်