မြန်မာနိုင်ငံအစိုးရက ဆီးရီးယားအာရပ်သမ္မတနိုင်ငံအား လူသားချင်းစာနာ ထောက်ထားမှုအကူအညီအဖြစ် အလှူငွေ ပေးအပ်လှူဒါန်း

 

နေပြည်တော်    မေ   ၃


ဆီးရီးယား    အာရပ်သမ္မတနိုင်ငံတွင်     ဖေဖော်ဝါရီ  ၆  ရက်က     မြေငလျင်    လှုပ်ခတ်မှုကြောင့်  ထိခိုက်နစ်နာခဲ့ ရသည့်  ပြည်သူများအတွက်  မြန်မာ နိုင်ငံအစိုးရက   လူသားချင်း   စာနာ ထောက်ထားမှု   အကူအညီအဖြစ် အလှူငွေ       အမေရိကန်ဒေါ်လာ   ၁၀၀၀၀၀  နှင့်   ညီမျှသည့်   အိန္ဒိယ ရူပီးငွေ   ၈၁၂၇၂၀၄  ကို     အိန္ဒိယ နိုင်ငံဆိုင်ရာ     မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က   အိန္ဒိယနိုင်ငံ ဆိုင်ရာ       ဆီးရီးယားသံအမတ်ကြီး     H.E.    Dr.      Bassam   Seifeddin    Alkhatib ထံသို့    ဧပြီ ၂၈ ရက်တွင်   လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။           

သတင်းစဉ်