မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း အဆိပ်အတောက်ဖြစ်စေသော ညစ်ညမ်းဓာတုပစ္စည်းများပါဝင်မှု ဆန်းစစ်လေ့လာခြင်းစီမံကိန်း၏ “Final Completion Workshop” သို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အဖွင့်အမှာစကားပြောကြား

 

နေပြည်တော်   နိုဝင်ဘာ   ၁


မြန်မာနိုင်ငံ  မဲခေါင်မြစ်ဝှမ်းဒေသအတွင်း  အဆိပ်အတောက်ဖြစ်စေ သော ညစ်ညမ်းဓာတုပစ္စည်းများပါဝင်မှု ဆန်းစစ်လေ့လာခြင်း ( MLC– Toxic ) စီမံကိန်း၏ Final Completion    Workshop   ကို   ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ KMA Hotel  ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး    ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စု    ဝန်ကြီးက MLC-Toxic စီမံကိနစ်းကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် စက်တင် ဘာလအထိ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း၏ အဓိက   ရည်ရွယ်ချက်အနေဖြင့် မဲခေါင်မြစ်ဝှမ်းအတွင်း စိုက်ပျိုး ရေးလုပ်ငန်းသုံး    ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများမှ  ထွက်ရှိ သည့် အဆိပ်အတောက်ဖြစ်စေပြီး အလွယ်တကူ    ချေဖျက်မရနိုင် သော အော်ဂဲနစ်ညစ်ညမ်းပစ္စည်း များ(POPs)ပါဝင်နေမှုကို လေ့လာ ဖော်ထုတ်ပြီး     ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ နှိုင်းယှဉ် လေ့လာအကြံပြုနိုင်ရန်      ဖြစ်ကြောင်း။


သဘာဝ    ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေပြီး ကြာရှည်စွာ မပျောက်မပျက်   တည်မြဲနေနိုင် သည့်     အော်ဂဲနစ်ဓာတုပစ္စည်း အမျိုးအစားများဖြစ်သည့်   POPs ပိုးသတ်ဆေးများကို   တရားမဝင် မှောင်ခိုတင်သွင်းခြင်း၊ ပိုးသတ် ဆေးအတုများကို အခြားနိုင်ငံများ မှ မှာယူရောင်းချခြင်းများ တားဆီး ကာကွယ်ရန်  လိုအပ်သည့်အပြင် ကျန်းမာရေးနှင့်    ပတ်ဝန်းကျင် ဆိုင်ရာ     ထိခိုက်မှုအန္တရာယ် ကျရောက်နိုင်မှု အနည်းဆုံးဖြစ် စေရန် ဘေးကင်းပြီး ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သုတေ သနများပြုလုပ်ပြီး    နည်းလမ်း ကောင်းများကို ရှာဖွေဖော်ထုတ် ရမည်ဖြစ်ကြောင်း။


မဲခေါင်မြစ်နှင့် မြစ်လက်တက် များ၏   ရေဝေရေလဲဧရိယာများ ထိန်းသိမ်းခြင်းနှင့်    ရေအရည် အသွေးဆန်းစစ်လေ့လာမှု လုပ်ငန်း စဉ်များသည် မြန်မာနိုင်ငံအတွက် သာမက မဲခေါင်‌ဒေသတွင်း နိုင်ငံ အားလုံးအတွက် အလွန်အရေးပါ သော အခန်းကဏ္ဍဖြစ်ကြောင်း၊ အထူးသဖြင့် ပိုးသတ်ဆေးဓာတ် ကြွင်းများ ပါဝင်နေမှုကို ဆန်းစစ် လေ့လာဖော်ထုတ်ပြီး    စဉ်ဆက် မပြတ်     စောင့်ကြည့်ဆန်းစစ် သုတေသနပြု လေ့လာရန်လိုအပ် ကြောင်း၊ စီမံကိန်းရှိ သုတေသီများ ကို ရေအရည်အသွေးစောင့်ကြည့် စစ်ဆေးခြင်း   လုပ်ငန်းများတွင် စွမ်းဆောင်ရည် မြင့်မားလာစေရန် အလေးထား    ဆောင်ရွက်စေခဲ့ ကြောင်း၊ စီမံကိန်းကာလ   ပြီးစီး သော်လည်း   မဲခေါင်ဒေသတွင်း နိုင်ငံများ အကြား အသိပညာမျှဝေ ခြင်းလုပ်ငန်းများနှင့်    ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် သစ်တောဦးစီးဌာန တွင် မဲခေါင် - လန်ချန်း   အထူး ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိသည့်   စီမံကိန်း လေးခုမှ လုပ်ငန်း   အကောင်အထည်ဖော် ဆောင်ရွက်မှု    ပိုစတာများ  ပြသ ထားမှုကို         ကြည့်ရှုစစ်ဆေး ရာ     စီမံကိန်းတာဝန်ရှိသူများ   က          ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း စဉ်အလိုက်   အလေးထား    လုပ် ဆောင်ရမည့်အချက်များ မှာကြား သည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး    ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမင်းသူ၊   အမြဲ တမ်းအတွင်းဝန်နှင့်   ဌာနအကြီး အကဲများ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊    သုတေတီများ၊  နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-  လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး စီမံကိန်းဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများ၊ ရှမ်း ပြည်နယ်ရှိ   သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် သတ္တုတွင်းလုပ်ငန်းဌာနများမှ တာဝန်ရှိသူများက Virtual စနစ် ဖြင့်    တက်ရောက်ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်