
နေပြည်တော် ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (SSB) နှင့် မလေးရှားနိုင်ငံ လူမှု ဖူလုံရေးအဖွဲ့ (PERKESO) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှား နိုင်ငံ၌ လုပ်ငန်းခွင်ထိခိုက်မှု ကြောင့် အမြဲတမ်းမသန်စွမ်းဖြစ် နေသည့် မြန်မာအလုပ်သမားကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ခွဲတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
မလေးရှားနိုင်ငံ လူမှုဖူလုံရေး အဖွဲ့ (PERKESO) ၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား မောင်အောင်ကိုသင်း (ME 489831) သည် ၂၀၁၅ ခုနှစ် တွင် မလေးရှားနိုင်ငံ ပီနန်း ပြည်နယ်ရှိ Hong Poh Engineering Construction Sdn bhd ဆောက်လုပ်ရေးကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နေစဉ် အမြင့်မှ ပြုတ်ကျ၍ ဦးခေါင်းထိခိုက် ဒဏ်ရာရရှိပြီး အမြဲတမ်း(လုံးဝ)မသန်စွမ်းမှု ဖြစ်ပွားခဲ့ရာ ပီနန်း ပြည်နယ်ရှိ I-Care Nursing Home ၌ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) က ဆေးကုသမှုပေးခဲ့သည်။
မောင်အောင်ကိုသင်းကို မြန်မာ နိုင်ငံသို့ စနစ်တကျ ပြန်လည် ပို့ဆောင်ရန်အတွက် နှစ်နိုင်ငံ လူမှုဖူလုံရေး အဖွဲ့များအကြား Online ဖြင့် Technical Meeting များ ကျင်းပပြုလုပ်ခဲ့ပြီး မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အကူ အညီဖြင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် (MH-740) ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာန မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး(ရန်ကုန်)၊ မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် မောင်အောင် ကိုသင်း၏ မိသားစုဝင်များက လွှဲပြောင်းလက်ခံ၍ မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး (ရန်ကုန်)၌ လိုအပ်သည့် ဆေးကုသ မှုများ ဆက်လက်ခံယူလျက်ရှိ ကြောင်း၊ မြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်က ငွေကျပ် ၂၂၀၀၀၀၀/- (ကျပ်နှစ်ဆယ့် နှစ်သိန်းတိတိ) ကို မိခင်ဖြစ်သူထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မလေးရှား နိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) မှ ပေးအပ်မည့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်များ ရရှိနိုင်ရေးဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (SSB) နှင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) တို့အကြား လူမှုဖူလုံ ရေးအစီအစဉ်နှင့် လုပ်ငန်းစဉ်များ မြှင့်တင်မှု ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOC) ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်က လက်မှတ်ရေးထိုး၍ မလေးရှား နိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမားများ၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း စဉ်များကို ပူးပေါင်းဆောင်ရွက် လျက်ရှိရာ လုပ်ငန်းခွင် ထိခိုက် မှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ၂၁ ဦးမှ မှီခို သူ အကျိုးခံစားခွင့်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၉၀၀၁ ဒသမ ၄၇ ( USD$ 169,001.47 )နှင့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်း (လုံးဝ) မသန်စွမ်းမှု ဖြစ်ပွားသည့် မြန်မာအလုပ်သမား နှစ်ဦးအနက် တစ်ဦးမှ အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈၀၂ ဒသမ ၄၆ (USD$ 2,802.46) တို့ကို မလေးရှားနိုင်ငံ လူမှုဖူလုံ ရေးအဖွဲ့ (PERKESO) က မိသားစု ဝင်များ၏ ဘဏ်စာရင်းမှတစ်ဆင့် လက်ခံရရှိခဲ့ကြောင်း၊ မလေးရှား နိုင်ငံ၌ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မလေးရှားနိုင်ငံ လူမှု ဖူလုံရေးအဖွဲ့ PERKESO) ၌ အကျုံးဝင် မှတ်ပုံတင်ထားရှိရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင် ထိခိုက်မှုအတွက် မှီခိုသူ အကျိုး ခံစားခွင့်နှင့် အမြဲတမ်း (လုံးဝ) မသန်စွမ်းမှုများအတွက် အကျိုး ခံစားခွင့်များ မှန်ကန်မြန်ဆန် စွာ ရရှိစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်