မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တစ်နှစ်တာ (အပိုင်း-၂)

Type
လင်းလက် (ယမန်နေ့မှ အဆက်) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၁၈-၂၀၂၁) လုပ်ငန်းဧရိယာ (၁) ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ထိရောက်ခိုင်မာသည့် အခြေခံကောင်းများ တည်ဆောက်ခြင်းနှင့် ၂၀၂၁ ခုနှစ် လုပ်ငန်းအစီအစဉ် (၃) ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး နှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်နိုင်ရေးတို့အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့များကို ၂၀၁၉ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ရာ ၂၀၂၀ ပြည့်နှစ်အထိ ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်း ၂၂ ခုတို့တွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corrup-tion Prevention Unit – CPU) များကို ဖွဲ့စည်းနိုင် ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းတွင်လည်း CPU အဖွဲ့များ ဆက်လက်ဖွဲ့စည်းသွားနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဒီဇင် ဘာလအထိ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါ သည်။ ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု ကာကွယ်ရေးယူနစ်များ ဖွဲ့စည်းခြင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ များအတွက် လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် (က) ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ လိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ (ခ) တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်နှင့် (ဂ) အဂတိလိုက်စားမှု ဆက်လက် မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွား ရန်စသည့် လုပ်ငန်းတာဝန် (၃) ရပ်နှင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် (၆) ရပ်တို့ကို ချမှတ်ထားပြီးဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများရှိ CPU များအနေဖြင့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်ခြင်း၊ တည်မြဲလုပ်ထုံးလုပ်နည်း ရေးဆွဲနိုင် ရေးဆောင်ရွက်ခြင်း၊ သတင်းပို့တိုင်ကြားနိုင်သည့် စနစ်များ ထူထောင်ခြင်းစသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း CPU အဖွဲ့ ၃၇ ဖွဲ့တွင် သတင်းပို့တိုင်ကြားနိုင်သည့် တာဝန်ခံ ၄၁၀ အထိ ထားရှိ ဆောင်ရွက်လာနိုင်ပြီး အကြံပြု စာတိုက်ပုံး ၁၀၇၀ နှင့် သက်ဆိုင်ရာအဖွဲ့များ အလိုက် Website တည်ထောင်ထားနိုင်မှုအနေဖြင့် ၈၅ ခုအထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါ သည်။ ထို့အပြင် CPU အဖွဲ့များ၏ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် အသိပညာပေး ဆောင်ရွက်မှုများအနေဖြင့် အသိပညာပေး ဆွေးနွေးပို့ချမှု ၃၁၄ ကြိမ်၊ သင်တန်းပို့ချမှု ၃၃ ကြိမ်နှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှု ၄၉ ကြိမ် အထိ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်သူများ၏ တုံ့ပြန်မှုရယူခြင်း CPU များ၏ လုပ်ငန်းတာဝန်ပါ “အဂတိ လိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန်” ဆိုသည့်အချက်နှင့် လုပ်ငန်းအစီအစဉ် (၆) ပါ “အောက်ခြေ ရုံးဌာနခွဲ များတွင် ဝန်ဆောင်မှုရယူကြသော ပြည်သူတစ်ဦး ချင်းထံသို့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို နည်းပညာအသုံးပြု၍ တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်ပြီး အသေးစားအဂတိလိုက်စား မှုများမဖြစ်စေရန် တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုသွားရန်” ဆိုသည့် အချက် တို့နှင့်အညီ ကော်မရှင်မှ ဦးဆောင်ကာ ကမ္ဘာ့ဘဏ် ၏ နည်းပညာအကူအညီဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (PFP) ကို တူညီ သော Short Code နံပါတ် 1111 ကို အသုံးပြု၍ ပြည်သူများ၏ တယ်လီဖုန်းများသို့ SMS ပေးပို့ ကာ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းပြီး တုံ့ပြန်မှုရယူခြင်းကို ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၀ ခုရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်စမ်းသပ် အသုံးပြုခဲ့ပြီး ၁-၁၁-၂၀၂၁ ရက်နေ့မှစ၍ ဝန်ကြီးဌာန/အဖွဲ့အစည်း ၁၃ ခုတွင် အသုံးပြုနေပြီဖြစ်ပါ သည်။ ၂၀၂၁ ခုနှစ်အတွင်း PFP အစီအစဉ်မှ တစ်ဆင့် ပြည်သူ ၄၄၄၉ ဦးထံသို့ ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် SMS များ ပေးပို့နိုင်ခဲ့ပြီး ပြည်သူ ၅၀၀ ထံမှ တုံ့ပြန်အကြံပြုချက်များ လက်ခံရရှိခဲ့ ပါသည်။ စာသင်ကျောင်းမှစ၍ ပြည်သူများအတွက် အသိပညာပေးလုပ်ငန်းများ ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများတွင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာနိုင်စေရေးနှင့် အနာဂတ်ကာလ၌ လူငယ်များက ပူးပေါင်းပါဝင်လာစေရေးတို့ကို ရှေးရှု၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသင်ခန်း စာများကို အခြေခံပညာမူလတန်းအဆင့်မှစ၍ စတင် သင်ကြားပေးနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အခြေခံပညာမူလ တန်းအဆင့်နှင့် အထက်တန်းအဆင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များ၊ အထက်တန်းအဆင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ရည်ညွှန်းစာအုပ်များကို ပြုစုဖြန့်ဝေခြင်း များ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများသာမက စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများအပါအဝင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများပါ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင် (၁) နှင့် ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁) နှင့် (၂) တို့ကိုလည်း ပြုစု ထုတ်ဝေခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂) နှင့် ဖြောင့်မတ်တည်ကြည် မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၃) တို့ကို ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ ပါသည်။ ပြည်သူ့ဝန်ထမ်းများအတွက် ပညာပေးလုပ်ငန်းများ ထို့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များနှင့် အခြား ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ဖွင့်လှစ် သည့် သင်တန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သင်ခန်းစာများကို ဟောပြော ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း သင်တန်း ရှစ်ခုအတွက် သင်တန်းသား ၁၁၉၃ ဦးသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို မျှဝေဆွေးနွေးပေးနိုင်ခဲ့ ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ရုပ်ပြသရုပ်ဖော် တေးသီချင်း သုံးပုဒ်နှင့် ဇာတ်လမ်းတို ခုနစ်ပုဒ်တို့ ကို ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ထုတ်လွှင့်ပြသခဲ့ပါသည်။ ကော်မရှင်ရုံး Website နှင့် Facebook Page တို့တွင်လည်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများကို အများ ပြည်သူသို့ အသိပေးတင်ပြလျက်ရှိပါသည်။ နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင်လည်း အလျဉ်းသင့်သလို ဆောင်းပါးများ ရေးသားဖော်ပြလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း ဆောင်းပါး ၁၄ ပုဒ်ကို အများပြည်သူ အသိပညာပေးကဏ္ဍအနေဖြင့် ရေးသားဖော်ပြခဲ့ သည်ကို တွေ့ရှိရပါသည်။ ၂၁-၉-၂၀၂၁ ရက်နေ့တွင် “အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက် ကြပါစို့” Facebook Page ကို ဖွင့်လှစ်ကာ အပတ် စဉ် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် အသိ ပညာပေး Post များကို ရေးသားတင်ပြလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်းတွင် အသိပညာပေး Post ပေါင်း ၃၀ ကို ရေးသားတင်ပြနိုင်ခဲ့ပါသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ ကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများညီလာခံ (Conference of the States Parties to the UNCAC - COSP) နှင့် ဆက်စပ် အစည်းအဝေးများဖြစ်သော Implementation Review Group - IRG အစည်းအဝေးများနှင့် Open-ended Intergovernmental Working Group အစည်းအဝေးများသို့ ပါဝင်တက်ရောက် ခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ၁၄-၁၁-၂၀၁၃ ရက်နေ့တွင် ဒေသတွင်း အဂတိလိုက်စား မှု တိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption - ASEAN-PAC) (ယခင်) အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption - SEA-PAC) သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အကြီးအမှူး အစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် ရုံးအဖွဲ့အစည်း အဝေးတို့ကို မြန်မာနိုင်ငံ နေပြည်တော်၌ အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ၂၂-၉-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption - ASEAN-PAC) ၏ (၁၇) ကြိမ်မြောက် အကြီးအမှူးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (International Anti-Corruption Academy - IACA) သို့ ၃၀-၁၁-၂၀၁၉ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီးဖြစ်ရာ ၇-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် IACA ၏ (၁၀) ကြိမ်မြောက် အဖွဲ့ဝင်များ ညီလာခံ (10th Assembly of Parties _ 10th AOP) သို့ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ပါ သည်။ ထို့အပြင် နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကိုလည်း ကော်မရှင်အနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှု အထိမ်းအမှတ်အခမ်း အနားကိုလည်း နေပြည်တော်၌ Online စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင် ရွက်နိုင်ရေးအတွက် ကော်မရှင်ရုံးခွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကော်မရှင်ကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာ ရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနနှင့် စုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိပါသည်။ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၁ ခုနှစ်အတွင်း ကော်မရှင်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်း ၁၉၄ ဦးကို စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးမှူးများလက်စွဲ (Investigation Manual) ကိုလည်း ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂-၂၀၂၅ မဟာဗျူဟာချမှတ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကော်မရှင်အနေဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များမှ ပန်းတိုင် ၁၆.၅ ပါ “အဂတိ လိုက်စားမှုနှင့်လာဘ်ပေးလာဘ်ယူမှု ပုံသဏ္ဌာန် အမျိုးမျိုးကို သိသိသာသာ လျော့နည်းကျဆင်း လာစေရေး” နှင့် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ၁.၄.၅ ပါ “နစ်နာမှုများကို ထုတ်ဖော်ခြင်းနှင့် တိုင်ကြားခြင်းစနစ်များ ပိုမိုကောင်းမွန်စေခြင်း အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် ဥပဒေများ၊ သက်ဝင်ကျင့်သုံးမှုနှင့် မူဝါဒများကို သုံးသပ်ရန်နှင့် ပိုမိုခိုင်မာစေရန်” တို့ အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာ ဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို လုပ်ငန်းဧရိယာ ခြောက်ခုဖြင့် “အစိုးရဌာန/ အဖွဲ့အစည်းများ၏ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်တွင် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းစေခြင်း” နယ်ပယ်တစ်ခုကို ထပ်တိုးချမှတ်၍ ၂၀၂၂ လုပ်ငန်း အစီအစဉ်ကို ချမှတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်းသည့် စိန်ခေါ်မှုများကြားမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိ နိုင်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရဌာန/အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့ အစည်းများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သဖြင့် ယခု ၂၀၂၂ ခုနှစ်အတွင်းတွင်လည်း ပြည်သူတစ်ရပ်လုံးက အဂတိလိုက်စားမှုကို လုံးဝ လက်မခံသည့် ဆောင်ရွက်မှုများဖြင့် ကော်မရှင်နှင့် လက်တွဲကာ “အဂတိပယ်ခွာ ပြည်သာယာဖို့ ပြည်သူ အားလုံး ပူးပေါင်းပါဝင်ကြပါစို့” ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။ ကိုးကား - အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ - ကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်း ဆောင်ရွက် မှု အစီရင်ခံစာများ - ကော်မရှင်ရုံး Website တွင် ဖော်ပြထားသည့် အချက်အလက်များ - ကော်မရှင်၏ (၂၀၂၂-၂၀၂၅) မဟာဗျူဟာ