မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၂၆


မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း များကို အလေးထားဆောင်ရွက် ပေးလျက်ရှိနေမှုအပေါ်  မြန်မာ နိုင်ငံ  ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ  ရေထွက်ပစ္စည်းထုတ်လုပ် သူနှင့်  ပို့ကုန်လုပ်ငန်းရှင်များအသင်း နှင့် ညီနောင်အသင်းများ၊  ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်  သက်ဆိုင်သူ အားလုံးတို့က မိမိတို့ကျရာအခန်း ကဏ္ဍများက အားကြိုးမာန်တက်  ပူးပေါင်းပါဝင်ကြိုးပမ်းကြစေလို ကြောင်း    ယနေ့   နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့်   ကျင်းပသည့် မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့် တင်ပို့နိုင်ရေး     ညှိနှိုင်းအစည်း အဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအောင် ကြီးက ဆွေးနွေးပြောကြားသည်။


အစည်းအဝေးသို့   အမြဲတမ်း အတွင်းဝန်     ဦးကျော်မင်းဦးနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊  မြန်မာ နိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူ နှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း နှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး လက်ရှိလုပ်ငန်းများ  ဆောင်ရွက် နေမှု အခြေအနေများ၊  ထုတ်လုပ် မှု၊ ကုန်သွယ်မှု၊ တန်ဖိုးမြှင့်ထုတ် လုပ်မှုနှင့်  သုတေသနဖွံ့ဖြိုးရေး ဆိုင်ရာများကို   ဆွေးနွေးခဲ့ကြ သည်။


ငါးလုပ်ငန်းဦးစီးဌာန   အနေ ဖြင့်  ရေထွက်ပစ္စည်းများ တင်ပို့ ခြင်း၊  တင်သွင်းခြင်းလုပ်ငန်းများ တွင် နိုင်ငံတကာက ပြဋ္ဌာန်းထား သော စည်းမျဉ်းစည်းကမ်းများ၊  ညွှန်ကြားချက်များ   သက်ဆိုင်ရာ နိုင်ငံများ၏ လိုအပ်ချက်များနှင့်အညီဖြစ်စေရန်   လုပ်ငန်းရှင်များ  နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း၊ EU ဈေးကွက် လိုအပ်ချက်များ နှင့်အညီ    အမျိုးသားဓာတ်ကြွင်း ထိန်းချုပ်မှုအစီအမံ (National Residue  Monitoring   Plan – NRMP) ကို  နှစ်စဉ်ဆောင်ရွက် လျက်ရှိခြင်းတို့ကြောင့် ဒေသတွင်း နိုင်ငံများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာဈေးကွက် သို့ မွေးမြူ ရေး ရေထွက်ကုန်များ တင်ပို့ရောင်းချလျက်ရှိသည်။ 


လတ်တလောတွင် ပုဂ္ဂလိက ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းကြီး သုံးခု၏ မွေးမြူရေး ရေထွက်ကုန် များ တင်ပို့နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ   အကောက် ခွန် အထွေထွေအုပ်ချုပ်မှုအာဏာ ပိုင်အဖွဲ့ (GACC) တွင်  မှတ်ပုံတင် ရန်   လိုအပ်သည့်အချက်အလက် များ  ပေးပို့ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ အလားတူ မွေးမြူရေး ရေငန်ပုစွန်တင်ပို့လိုသည့် လုပ်ငန်း ရှင်များအနေဖြင့်လည်း   တရုတ် နိုင်ငံ၏ မွေးမြူရေး ရေသတ္တဝါ ထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက် များနှင့်အညီ  ဖြည့်ဆည်းဆောင် ရွက်ထားရန် လိုအပ်မည်ဖြစ်သည်။    


အေးခဲရေထွက်ကုန်များ တင်ပို့ ရာတွင်   ကိုဗစ်-၁၉   ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ- တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများ၏   ညှိနှိုင်းဆွေးနွေးချက်အရ ပင်လယ် ငါးဖမ်းလုပ်ငန်း အလုပ်သမားများ အား ပင်လယ်မထွက်မီ  ၁၄  ရက် Quarantine  ထားရှိ၍ ကိုဗစ် စစ်ဆေးပြီးမှ ပင်လယ်ပြင်ထွက်ခွာ ရန် လိုအပ်မည်ဖြစ်ပြီး ငါးချဆိပ် ကမ်း၊ စက်ရုံများရှိ အလုပ်သမား များနှင့်        ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများကို    နှစ်ပတ်လျှင် တစ်ကြိမ် ကိုဗစ်စစ်ဆေးပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊   ယင်း လုပ်ငန်းအတွက် ဌာနနှင့်  သက် ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်း ရှင်များအကြား   ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း   သိရ သည်။ 

သတင်းစဉ်