မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ နေပြည်တော်၌ ကျင်းပမည်

 

နေပြည်တော်     မေ    ၂၃
တရုတ်  (လင်ချန်း)   စီးပွားရေးကုန်စည်ပြပွဲကို   နေပြည်တော်ရှိ      မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန  (၂)  ၌  မေ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 
ပြပွဲတွင် တရုတ်နိုင်ငံမှ ကော်ဖီနှင့် လက်ဖက်ခြောက်၊ မက္ကဒေး မီးယား၊ အသင့်စား စားသောက် ကုန်များ၊   ဆိုလာစွမ်းအင်ပစ္စည်းများ၊  လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးနှင့် အခြားလူ့အသုံးအဆောင် ပစ္စည်းများအပါအဝင်    မြန်မာနိုင်ငံမှ  မြန်မာ့ကျောက်မျက်ရတနာ ပစ္စည်းများ၊    ဒေသထွက်ကုန်များနှင့် MSME  ထုတ်ကုန်များ ပါဝင် ပြသမည်ဖြစ်ကြောင်း သိရှိရသည်။                           
သတင်းစဉ်