မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ နေပြည်တော်၌ ကျင်းပမည်

 

နေပြည်တော်   မေ  ၁၉
တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ၂၀၂၃ ခုနှစ် မေ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက် ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 
ပြပွဲတွင် တရုတ်နိုင်ငံမှ ကော်ဖီနှင့် လက်ဖက်ခြောက်၊ မက္ကဒေးမီးယား၊ အသင့်စား စားသောက်ကုန်များ၊ ဆိုလာစွမ်းအင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင် သုံးနှင့် အခြားလူ့အသုံးအဆောင်ပစ္စည်းများအပါအဝင်   မြန်မာနိုင်ငံမှ   မြန်မာ့ ကျောက်မျက်ရတနာပစ္စည်းများ၊ ဒေသထွက်ကုန်များနှင့် MSME  ထုတ်ကုန်များ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရှိရသည်။                                          သတင်းစဉ်