မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

 

နေပြည်တော်    ဧပြီ   ၁၇


ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်  ကုန်ဆုံး၍  ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာနိုင်ငံသူ     နိုင်ငံသားတို့၏     နေ့ထူး နေ့မြတ်  အချိန်အခါသမယဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန် ကာလအတွင်း   အတာရေဖြင့်  ဆေးကြော သန့်စင်ပြီး   စိတ်၏   အညစ်အကြေးများကို  ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြော သန့်စင်၍ နှစ်သစ်ကို       မင်္ဂလာရှိစွာဖြင့်   အစပြုလေ့ ရှိကြသည်။

 


ထို့ကြောင့်      ယနေ့တွင်     မြန်မာနိုင်ငံ တစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌  ဥပုသ်သီလ    ဆောက်တည်ခြင်း၊   သက်ကြီး ဘိုးဘွားများကို  တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်း၊  ကန်တော့ခြင်း၊  ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်းတို့ဖြင့်    ကုသိုလ်ဒါနပြုလုပ် ကြ သည်။ 

 


နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ လည်း မြန်မာနှစ်သစ်ကူးနှစ်ဆန်း ၁ ရက်နေ့  နံနက်ပိုင်းမှစ၍   ဘုရားစေတီ၊   ကျောင်းကန် များ၌    ဥပုသ်သီတင်းသီလ     ဆောက်တည် ကြသူများ၊     ဆရာတော်၊    သံဃာတော်များ
ရွတ်ဖတ်        သရဇ္ဈာယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော် များ နာကြားကြသူများ၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများ၊ အလှူဒါန ပြုကြသူများဖြင့် စည်ကားသည်။

 


နေပြည်တော်     ကောင်စီ နယ်မြေရှိ  ထင်ရှားသော  ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၊ ဓာတု စယဓာတ်ပေါင်းစု   စေတီတော်၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ် ကြီး၊ လှေခွင်းတောင်တန်ခိုးကြီး ဘုရား၊     ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ၊ ရန်အောင် မြင်    ရွှေလက်လှဘုရား၊     သတ္တ သတ္တာဟ  သံဝေဇနိယလေးဌာန၊ ဖောင်တော်ချက်မစေတီ   စသည့်  ဘုရားစေတီများတွင် ဥပုသ်သီလ  ခံယူ   ဆောက်တည်ကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြ သူများဖြင့်     စည်ကားလျက်ရှိပြီး ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များ ကို        ဘေးမဲ့လွှတ်ကြခြင်းဖြင့် လည်း  ကုသိုလ်ကောင်းမှုပြုလုပ် ကြသည်။

 


အလားတူ ဌာနဆိုင်ရာများ၊  လူမှုရေး       အသင်းအဖွဲ့များနှင့် စေတနာရှင်များ            ကလည်း သက်ကြီး           ဘိုးဘွားများကို တစ်ကိုယ်ရေ    သန့်ရှင်းမှုပြုလုပ်  ပေးခြင်း၊ ကန်တော့ခြင်း၊ ဂါရဝပြု  အလှူပစ္စည်းများ  ထောက်ပံ့ခြင်း စသည့် ကုသိုလ်ဒါနများကိုလည်း ပြုလုပ်ခဲ့ကြသည်။

 


ထို့ပြင် နေပြည်တော်ကောင်စီ  နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော်များ  ပင့်ဖိတ်၍ ပရိတ် တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများ    နာကြားကြပြီး ကုသိုလ်ကောင်းမှု အစုစုတို့အတွက်     အမျှပေးဝေကြရာ    နေပြည်တော် ကောင်စီနယ်မြေ      တစ်ခွင်၌ တရား၊ ဓမ္မသံများဖြင့် ဖုံးလွှမ်းခဲ့ ကြောင်း သိရသည်။


သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကိုကျော်