မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ

 

၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်နေ့သည် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်ကာ နှစ်ဟောင်း တစ်နှစ်တာကုန်ဆုံးပြီး နှစ်သစ်အချိန်အခါကို ဖြတ်သန်းကြပြီဖြစ်ရာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာသာသနာနှင့် မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသည့် ပြည်သူအပေါင်း အေးချမ်းသာယာလျက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွဲညီညီ ဟန်ချက်ညီစွာဖြင့်  တစ်ဦးနှင့်တစ်ဦး မေတ္တာတရားလက်ကိုင်ထားကာ ကိုယ်စိတ်အေးချမ်းဘေးရန်ကွာ၍ ရောဂါအပေါင်း ကင်းစင်ပပျောက် ချမ်းသာကြပါစေကြောင်း အနုပညာနယ်ပယ် အလွှာအသီးသီး၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံတို့ကို ဖော်ပြလိုက်ပါသည်။
ဦးကြည်စိုးထွန်း (မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ မြန်မာ ပြည်သူပြည်သားအပေါင်း ကိုယ်ကျန်းမာ ပြီး စိတ်ချမ်းသာကြပါစေ။ ကိုယ်ကျန်းမာ ပြီး စိတ်ချမ်းသာအောင် အကောင်းမြင် တတ်ဖို့ လိုပါတယ်။  မြန်မာနိုင်ငံသားတွေ ကပ်သုံးပါးကျော်လွှားပြီး     အေးချမ်း သာယာပါစေကြောင်း ရုပ်ရှင်လောကသား တွေနဲ့အတူ ရင်အတွင်းမှ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြု    ဆုတောင်းမေတ္တာ   ပို့သအပ် ပါတယ်။
ပန်းချီစိုးမိုး ( ရုပ်ရှင်ဒါရိုက်တာ )
မြန်မာ့နှစ်သစ်ကူးသင်္ကြန်ရဲ့ သဘာဝ ဟာ ဧပြီလဖြစ်တဲ့အတွက်   ရာသီဥတု ပူတယ်။ ဒါကြောင့် သင်္ကြန်ရေသွန်းလောင်း တဲ့အခါမှာ  ခန္ဓာကိုယ်အေးချမ်းပြီး စိတ် လည်း အေးချမ်းသွားတယ်။  ပြီးတော့ နှစ်ဟောင်းက    အညစ်အကြေးတွေဟာ နှစ်သစ်ရောက်ချိန် သင်္ကြန်ရေနဲ့ ပက်ဖျန်း တာကြောင့် အညစ်အကြေးတွေလည်း ကုန်စင်သွားတယ်။ နှစ်သစ်မင်္ဂလာ အချိန် အခါကစပြီး   လူသားအားလုံးဟာ ဘဝ ရပ်တည်မှု၊   သင်ကြားနေတဲ့ပညာ၊ မိမိ လုပ်ကိုင်နေတဲ့ လုပ်ငန်းများ လုပ်ဆောင် တဲ့အခါ    တိုတောင်းတဲ့လူ့ဘဝကြီးမှာ အကောင်းပကတိစိတ်နဲ့  အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ကြပါလို့  ဆန္ဒပြု ပါတယ်။
လူ့ဘဝဟာ   အင်မတန်  သက်တမ်း တိုပါတယ်။  တိုတဲ့သက်တမ်းကာလမှာ အချိန်ရှိစဉ် ဘာသာတရား၊  အောင်မြင်မှုနဲ့ မိမိဘဝရပ်တည်မှုအတွက်    ကြိုးစားဖို့ အချိန်နည်းနေကြပါပြီ။ ဒါကြောင့် တရား ရေအေး ဆည်းကပ်မှုနဲ့ နှစ်သစ်မင်္ဂလာ အချိန်အခါကစပြီး ကြိုးစားအားထုတ်မှုနဲ့ အတူ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ကြောင်း ဆုမွန်ကောင်းပို့သပါတယ်။
ဦးလွင်မြင့်                           (မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ) 
နှစ်သစ်ကူးအခါသမယမှာ   မြန်မာ နိုင်ငံသူ နိုင်ငံသားအားလုံး တိုင်းရင်းသား အားလုံးအတွက်   မင်္ဂလာရှိတဲ့  နှစ်သစ် ဖြစ်ပါတယ်။ နှစ်ဟောင်းမှ   နှစ်သစ်ကို ကူးပြောင်းတဲ့အခါမှာ     မင်္ဂလာတရားနဲ့ အညီ    မင်္ဂလာရှိစွာ  ဖြတ်သန်းကြလို ကြမှာပါ။ မြန်မာနိုင်ငံ  ဂီတအစည်းအရုံး အနေနဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေ ဖြစ်တဲ့   ပြည်သူတွေ စိတ်ချမ်းမြေ့ရင်  အနုပညာရှင်တွေလည်း ပိုပြီးစိတ်ချမ်းမြေ့ စေပါတယ်။ ဒါကြောင့် ပြည်သူပြည်သား  အပေါင်း မြန်မာ့နှစ်သစ်ကူးမှာ   မင်္ဂလာ အပေါင်းနဲ့ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ သော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်။
ဦးအောင်တင်ဝင်း (မြန်မာနိုင်ငံ 
သဘင်အစည်းအရုံး နာယက)
နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေနဲ့     သဘင်သမားတွေအပါ အဝင် အားလုံး ကျန်းမာချမ်းသာ ဝမ်းသာ ရွှင်လန်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်း သာယာရှိကြပါစေ။        ကိုယ်ကျန်းမာ စိတ်ချမ်းသာလျက်             ဘယာကင်းပ လိုတိုင်းရပြီး   သုခချမ်းသာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့  မေတ္တာပို့ပါတယ်။ 
ဦးအုန်းမောင်  ( မြင်းမူမောင်နိုင်မိုး- 
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ)
မြန်မာပြည်သူအပေါင်း ကျက်သရေ မင်္ဂလာအပေါင်းနဲ့     ပြည့်စုံကြပါစေ။ မကြာမီကာလမှာ   မြန်မာ့နှစ်သစ်ကူး ကာလကို ရောက်ရှိတော့မှာဖြစ်ပါတယ်။  နှစ်ဟောင်းမှာ ကျွန်တော်တို့တစ်တွေဟာ ပြုခဲ့ကြ၊ လုပ်ဆောင်ခဲ့ကြတဲ့ ကိစ္စများတွေ ကို ပြန်လည်သုံးသပ်ပြီး ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေ၊ ကျွန်တော်တို့ရဲ့ ပြုမူမှု တွေဟာ   အများအတွက်၊   မိမိအတွက်၊ ရပ်ရွာအတွက်၊ တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းတယ်လို့ဆိုရင်     ဒီလိုအကျိုး ဖြစ်ထွန်းတဲ့ကိစ္စတွေကို    ဆက်လက် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ 
ပုထုဇဉ်လူသားတွေပီပီ       အမှား အယွင်းတွေ၊ ချို့တဲ့မှုတွေ၊ ချို့ယွင်းမှုတွေ ရှိခဲ့မယ်ဆိုရင်        ကျွန်တော်တို့တစ်တွေ ကြုံတွေ့ဖြတ်ကျော်ခဲ့ရတဲ့   အခက်အခဲ တွေ၊  အမှားအယွင်းတွေကို  ပြန်လည် ဆင်ခြင်သုံးသပ်ပြီး အဲဒီလိုအမှားအယွင်း မျိုး ထပ်မံမဖြစ်ပေါ်ဖို့အတွက် မိမိကိုယ် ကိုယ်မိမိ        စောင့်ထိန်းဆင်ခြင်ပြီး ကျွန်တော်တို့နိုင်ငံကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင်  ဘက်စုံကနေ  စည်ပင် ဖွံ့ဖြိုး ငြိမ်းချမ်းသာယာအောင်နဲ့ ထာဝရ ငြိမ်းချမ်းမှုရှိအောင်   တိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံတော် အကြီးအကဲတွေ ဦးစီးဦးဆောင် ဆောင် ရွက်ပေးနေတဲ့ကာလမှာ   ကျွန်တော်တို့ ပြည်သူတွေကလည်း တစ်တပ်တစ်အား ပါဝင်မယ်။   ပြီးတော့   ကျွန်တော်တို့နဲ့ ထိုက်တန်လျော်ညီစွာ   စွမ်းဆောင်ပေး နိုင်တဲ့ ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးဖို့အတွက် နှစ်သစ်ကူး ကာလမှာ အားလုံး မင်္ဂလာကျက်သရေ အပေါင်းနဲ့ပြည့်စုံအောင် ဆောင်ရွက်နိုင် ကြပေးစေဖို့    ဆုတောင်းမေတ္တာ ပို့သ လိုက်ရပါတယ်။
ဒေါ်ပုလဲ ( ရုပ်ရှင်သရုပ်ဆောင် ) 
မြန်မာ့နှစ်သစ်မင်္ဂလာ    အချိန်အခါ ကစပြီး အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။  ဦးညွန့်ဝင်းရဲ့    ရွှင်လန်းချမ်းမြေ့ပါစေ သီချင်းထဲကအတိုင်း နိုင်ငံသူ  နိုင်ငံသား အပေါင်း    ရွှင်လန်းချမ်းမြေ့ကြပါစေ။ အနုပညာရှင်ဆရာသမားတွေနဲ့   အလှူ ရှင်၊ ထမင်းရှင်တွေဖြစ်တဲ့ ပြည်သူအပေါင်း စိတ်နှလုံးအေးချမ်းပြီး စီးပွားလာဘ်လာဘ တွေ တိုးတက်ဝေဖြာကြပါစေလို့ ဆုမွန်  ကောင်း ပို့သပါတယ်။ 


ညိမ်းသူ (သတင်းစဉ်) 
ဓာတ်ပုံ - ကနူး