
နေပြည်တော် မတ် ၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်မည့် “မြန်မာ့ လယ်ယာထွက်ကုန်များ တန်ဖိုး ကွင်းဆက်ထောက်ပံ့ရေး လန်ချန်း- မဲခေါင်နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင် ခြင်းစီမံကိန်း” မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း က နေပြည်တော် သင်္ဂဟဟိုတယ် ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ညီနောင် အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အကျိုးအမြတ်ခံစားရမည်
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသော လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို ပြည်ပနိုင်ငံ များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက် တိုးချဲ့နိုင်ရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်ရာ တွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးသည် အရေးပါသည့် သော့ချက်တစ်ခု ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအား ကောင်းမွန် လာသဖြင့် ဈေးကောင်းရသော အစေ့ထုတ်ပြောင်း၊ မတ်ပဲ စသည့် လယ်ယာ ထွက်ကုန်များနှင့် ရေထွက်ကုန်ပစ္စည်းများကို တောင် သူများ တိုးချဲ့ထုတ်လုပ်လျက်ရှိရာ ကုန်သွယ်မှု အဆင်ပြေချောမွေ့ စေရန် စီစဉ်ပေးနိုင်သည်နှင့်အမျှ ထုတ်လုပ်သူ တောင်သူများနှင့် အတူ ဝယ်လိုအား၊ ရောင်းလိုအား ကွင်းဆက်တစ်လျှောက် ပါဝင် ပတ်သက်သူများအားလုံး အကျိုး အမြတ် ခံစားရမည်ဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးကိုလည်း များစွာ အထောက်အကူပြုစေမည် ဖြစ် ပါကြောင်း။
ကုန်သွယ်ဖက် နိုင်ငံများနှင့် အချင်းချင်း လိုက်လျောညီထွေ မှု ရှိစေရန်နှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန်တို့အတွက် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီ ချက်များ၊ စည်းကမ်းသတ်မှတ် ချက်များ၊ စံချိန်စံညွှန်း သတ်မှတ် ချက်များကို အပြန်အလှန်လိုက်နာ ကြရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာ၊ သား၊ ငါး ကဏ္ဍထုတ်ကုန်များ၏ ကုန်သွယ် မှုအခြေအနေများနှင့် တွေ့ကြုံရ သော အခက်အခဲများကို လေ့လာ ၍ အဖြေရှာခြင်းကို ယခုစီမံကိန်း မှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ဆောင်ရွက်ပြီး အမှန်လေ့လာသိရှိရသည့် ရလဒ် များအပေါ် အခြေခံ၍ ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးကို အထောက်အကူပြုနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ကဏ္ဍများအလိုက်တင်ပြ
ဆက်လက်၍ စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက စီမံကိန်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ညီနောင် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် တင်ပြဆွေးနွေးခြင်း၊ ကဏ္ဍအလိုက် အုပ်စုများ စုဖွဲ့ဆွေးနွေးခြင်းနှင့် အုပ်စုအလိုက် ဆွေးနွေးတွေ့ရှိ ချက်များကို စုပေါင်းသုံးသပ်ခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေ ဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ် မှစတင်၍ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် ၂၀၂၃ ခုနှစ်အတွက် စီမံကိန်း လေးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ စီမံကိန်းတစ်ခုချင်း၏ လုပ်ငန်း အကြောင်းအရာများနှင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ယခုအခမ်း အနားတွင် ရှင်းလင်းအသိပေး ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာ ပိုင်အဖွဲ့ (GACC) တို့အကြား အပင် ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ် (SPS Protocol) များ လက်မှတ် ရေးထိုးထားရှိရာတွင် ဆန်၊ ပိုးအိမ် ခြောက်၊ ပြောင်းနှင့် ငှက်ပျောသီးနှံ များ တင်ပို့ခြင်း၊ မွေးမြူရေးနှင့် သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက် ပစ္စည်းတင်ပို့ခြင်း၊ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင် တင်ပို့ရေးနှင့် သက်ဆိုင်သော သဘောတူညီမှု တို့ပါဝင်ပြီး အခြားပို့ကုန်များ အတွက် သဘောတူစာချုပ်များ ကို လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက် ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။
အထောက်အကူပေးနိုင်
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား လက်မှတ်ရေးထိုးပြီးဖြစ် သည့် အပင်ပိုးမွှားရောဂါ ကင်းရှင်း ရေးဆိုင်ရာလိုအပ်ချက် သဘောတူ စာချုပ်များနှင့် နောင်တွင်လက်မှတ် ရေးထိုးမည့် သဘောတူစာချုပ် များဆိုင်ရာ လယ်ယာထွက်ကုန် များ၏ ဈေးကွက်အခွင့်အလမ်း များ ဖော်ဆောင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်သည့် အဆိုပါစီမံကိန်း တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး လုပ်ထုံး လုပ်နည်းများ လေ့လာဆန်းစစ် နိုင်ရန်၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ပါဝင်ပတ်သက်သူများ ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင် စေရန်၊ တောင်သူလယ်သမားများ၊ ကုန်သည်နှင့် လက်ကားရောင်းချ သူများအပါအဝင် ကုန်သွယ်မှုတွင် ဆက်စပ်သော ပြည်တွင်းအဖွဲ့ အစည်းများ၏ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ နည်းပညာနှင့် အသိပညာတိုးမြှင့် လာနိုင်စေရန်၊ မြန်မာနိုင်ငံရှိ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှု မှန်ကန်မြန်ဆန်စေရေးကို အထောက်အကူ ပေးနိုင်ရန် ရည်ရွယ်ချက်များလည်း ပါဝင် ကြောင်း သိရသည်။
သတင်းစဉ်