
နေပြည်တော် အောက်တိုဘာ ၂၁
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း အတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲ အမှတ် ၄၀၀ အထိ ပုလဲအတွဲများ ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေး ကြပြီး ဈေးနှုန်းတင်သွင်းလွှာများ ကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၄) ကို ညနေ ၅ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲ ပေါင်း ၁၆၈ တွဲနှင့် လက်ကျန် ပုလဲအတွဲ ၅ တွဲ စုစုပေါင်း ၁၇၃ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ အမှတ် ၁ မှ အတွဲအမှတ် ၁၂၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအား ဆက်လက် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ယခု ကျင်းပပြုလုပ်သည့် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း ၃၆၂ တွဲ ရောင်းချခဲ့ရပြီး ကျောက်မျက် အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များကို ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာ၌ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအနေဖြင့် ငွေပေး ချေရာတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်နှင့် ကျပ်ငွေများ ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။
သတင်းစဉ်