
နေပြည်တော် အောက်တိုဘာ ၂၀
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲ များကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင် သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ပုလဲအတွဲ အမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပြပွဲတတိယနေ့တွင် ပုလဲ အတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိ သည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ နယ် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်း ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက် စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာအရောင်းဆိုင် များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက် ခင်း ကျင်းပြသထားသည့် ကျောက်စိမ်း အရိုင်းတွဲများကို လာရောက် လေ့လာကြည့်ရှုကြရာ ပြပွဲတာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ယခု ကျင်းပပြုလုပ်သည့် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တို ဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက် အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲ တွင် ပုလဲအတွဲ ၄၀၀၊ ကျောက် မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်း အတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်သည်။
သတင်းစဉ်