မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ  ၇     

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏   (၄/၂၀၂၂) ကြိမ်မြောက်    ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ  ၁ နာရီ တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန    အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

 


ညှိနှိုင်း   အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က အထူးစီးပွား ရေးဇုန်အလိုက် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ ပိုမိုတိုးတက် မှုရှိစေရေး၊ ဗဟိုအဖွဲ့၏ လမ်းညွှန် ချက်များကို    လိုက်နာအကောင် အထည်ဖော်ရေးနှင့်    လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် အထူးစီးပွားရေးဇုန်   ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင် ရွက်ရေး၊ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အထူးစီးပွားရေးဇုန်   စီမံခန့်ခွဲမှု ကော်မတီများမှ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များကို ပြောကြားသည်။

 


 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီး များ၊    အထူးစီးပွားရေးဇုန်များ ၏ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက လုပ်ငန်းဆိုင်ရာများကို  ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြ ချက်များအပေါ်    ပြည်ထောင်စု ဝန်ကြီးက       လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

 


အစည်းအဝေးသို့     မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ   ဗဟို လုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူ နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ   ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့်   ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိကြီး များ    တက်ရောက်ခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်