မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၄
မြန်မာနိုင်ငံ၏   ပထမဦးဆုံးသော   မီဒီယာနှင့်  သက်တမ်းမြင့်မားသော      ဌာနကြီးတစ်ခုဖြစ်သည့်  မြန်မာ့အသံနှင့်    ရုပ်မြင်သံကြားသည်  တိုင်းကျိုး ပြည်ပြု  ပြည်သူ့ဝန်ဆောင်မှု     မီဒီယာပုံစံဖြင့်   ခေတ်အဆက်ဆက်  ကြိုးပမ်းဆောင်ရွက်ခဲ့ရာ  ၂၀၂၃  ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် (၇၇)နှစ် ပြည့်မြောက် မည်ဖြစ်သည်။ 
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  (၇၇)  နှစ် မြောက်  နှစ်ပတ်လည်နေ့အထိမ်းအမှတ်           တေးဂီတ ဖျော်ဖြေပွဲကို  ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင်        နေပြည်တော်    တပ်ကုန်းမြို့ရှိ        မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်  ကျင်းပမည်ဖြစ်ရာ   အဆိုပါ တေးဂီတဖျော်ဖြေပွဲကို      ယင်းနေ့    ည  ၉ နာရီတွင် MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်တွင်    မြန်မာ့အသံ  ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် မြန်မာ့ဆိုင်းဝိုင်းကြီးတို့ပူးပေါင်း ၍ တီးခတ်မှုနှင့်အတူ ထပ်ဆင့်အကယ်ဒမီ နေအောင်၊ နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် သန်းမြတ်စိုး၊     ကေတုဝင်းထွဋ်၊ ရဲထိုက်၊  မိုးယံဇွန်၊   ဝေလျှံ ၊ တက္ကသိုလ်လဲ့လဲ့၊  သဲနုဝါ၊ အိအိချွန်၊  အိအိမွန်၊ ရဲရင့် ဝေလွင်၊ ဟန်သီ၊ ချိုမီမီဇော်၊  ထွန်းပပအောင်၊  ပူတူး၊  ရေဂျီးနား၊  ခိုင်သဇင်ဦးတို့နှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ဝန်ထမ်းများက ပါဝင်ကပြဖျော်ဖြေကြမည် ဖြစ်သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည်  ၁၉၄၆ ခုနှစ်  ဖေဖော်ဝါရီ ၁၅ ရက်တွင်  Burma Broadcasting Service (BBS)အမည်ဖြင့် စတင်ခဲ့ရာမှ    Myanma Radio and Television-MRTV  အမည်သို့ အဆင့်ဆင့် ပြင်ဆင်ပြောင်းလဲလာခဲ့မှုနှင့်အတူ  ယခုအခါ  MRTV-HD၊ MRTV-News  ၊ MRTV-NRC ၊ MRTV Farmer’s၊ MRTV Parliament ၊   MRTV Sports  နှင့် အင်္ဂလိပ် ဘာသာဖြင့်  MITV ရုပ်သံလိုင်းများနှင့် မြန်မာ့အသံ ရေဒီယို၊  သပြေရေဒီယို ၊  Myanma Radio (English FM) Channel နှင့်  တိုင်းရင်းသားဘာသာအစီအစဉ် အမျိုးအမည်  ၂၀ ကို ကိုယ်ပိုင်ထုတ်လွှင့်ပေးလျက် ရှိသည့်အပြင် MRTV Website အပါအဝင်  Online ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း၍       ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကို လည်းကောင်း    စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                   သတင်းစဉ်