
ရန်ကုန် မေ ၂၉
မြန်မာအမျိုးသား လေကြောင်းမှ ပြည်ပ ခရီးစဉ်များဖြစ်သည့် ကူမင်း၊ ဂယာ၊ ဟောင်ကောင်နှင့် ဒူဘိုင်းသို့ ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသား လေကြောင်း သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မတိုင်မီက ပြည်ပခရီးစဉ်များဖြစ် သည့် စင်ကာပူသို့ နံနက်တစ်ခေါက် ညတစ်ခေါက်၊ ဘန်ကောက်သို့ မနက်တစ်ခေါက်၊ ညတစ်ခေါက်၊ ဟောင်ကောင်သို့ တစ်ပတ်သုံး ခေါက်(သို့)လေးခေါက် ပျံသန်း ပြေးဆွဲပေးခဲ့ပြီး လက်ရှိအခြေ အနေတွင် ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာတစ်ဝန်း ထိန်းချုပ်လာနိုင် သည့်အတွက် လေကြောင်းလိုင်း များ ပြန်လည်ဖွင့်လှစ်ချိန်၌ မြန်မာအမျိုးသား လေကြောင်း အနေဖြင့် စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် အင်ချွန်းသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။
“တရုတ်၊ ကူမင်းကို တိုးချဲ့ပြီး တော့ ပျံသန်းမယ်၊ နောက်ဘုရားဖူး ရာသီမှာ ဗုဒ္ဓဂယာကိုလည်း ပျံသန်းပြေးဆွဲဖို့အတွက်ကို စီမံ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီ အပြင် ဟောင်ကောင်ကိုလည်း ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ဟောင်ကောင်က လက်ရှိမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်းအရ ပြေးဆွဲ လို့မရသေးပါဘူး။ ဒါပေမယ့်လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိ လာရင် ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ နောက်ဒူဘိုင်းကို လည်း ပြေးဆွဲဖို့အတွက် လျာထား ပါတယ်။ ပြေးဆွဲဖြစ်မယ်ဆိုရင် တစ်ပတ်ကို နှစ်ခေါက်ဖြစ် ပါမယ်”ဟု မြန်မာအမျိုးသား လေကြောင်းမှ အမှုဆောင် အရာရှိချုပ်ခုပ်ခန့်မုံက ပြောသည်။
မြန်မာအမျိုးသား လေကြောင်း အနေဖြင့် ပြည်တွင်းခရီးစဉ်များ အဖြစ် ကွင်း ၂၈ ကွင်းကို ပြေးဆွဲ ပေးလျက်ရှိပြီး ငွေကြေးအရ အမြတ်အစွန်း နည်းပါးမှုကြောင့် အခြား လေကြောင်းလိုင်းများ ပြေးဆွဲခြင်းမရှိသည့် မိုင်းဆတ်၊ ဘုတ်ပြင်း၊ မာန်အောင်၊ အမ်းနှင့် မကွေးကွင်းများသို့ပါ ဒေသခံ ပြည်သူများ ခရီးသွားလာမှုအဆင် ပြေစေရန် စီစဉ်ပြေးဆွဲပေးလျက် ရှိကြောင်း၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ယခင်ကိုဗစ် မဖြစ်မီကာလကဲ့သို့ ဘိုးရင်း လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း