
နေပြည်တော် မတ် ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ လင်ချမ်းမြို့ မြို့တော်ဝန် Mr. Du Jianhui တို့ ဦးဆောင်၍ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၃) နေပြည်တော်၌ ကျင်းပသည်။
အစည်းအဝေးကို မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက် ရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး (၄) ကြိမ်မြောက် မြန်မာ(နေပြည်တော်)- တရုတ် (လင်ချမ်း) နယ်စပ်စီးပွားကုန်စည်ပြပွဲ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် ရေးထိုးနိုင်ရေး အတွက် နှစ်ဦးနှစ်ဖက်မှ တွန်းအားပေးဆောင် ရွက်သွားရေး၊ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော် ဂိတ်မှ ဖြတ်ကျော်သည့် တတိယနိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေး၊ နယ်စပ် ဂိတ် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကိစ္စရပ်များ အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး နှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်တာဝန်ခံများနှင့် တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ် ရှစ်ဦးတို့ တက် ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်