
ကူမင်း ဇွန် ၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ပြည်တွင်းပြည်ပ ငွေလဲဈေးကွက်အတွင်း တရုတ်ယွမ်ငွေကို တရားဝင် လဲလှယ်ခွင့်ပြုခဲ့ပြီး ၂၁၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် တရုတ်ငွေကြေး-မြန်မာငွေကြေး တိုက်ရိုက်ပေးချေခွင့်ပြုခဲ့ကာ ICBC နှင့် Bank of China BC Yangon ဌာနခွဲတို့အား ခွင့်ပြုထားရာမှ ယခုအခါ မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုကို တရုတ်ငွေကြေးဆိုင်ရာ RMB အကောင့်များ ဖွင့်ခွင့်ပေးခဲ့ခြင်းများသည် နယ်စပ် ကုန်သွယ်မှုကို အရှိန်မြင့်လာစေမည်ဖြစ်ကြောင်း မြန်မာကုန်သည်များက မျှော်လင့်နေကြသည်။
မြန်မာ ပုဂ္ဂလိကဘဏ်အချို့က မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် ရောင်းဝယ်နေကြသည့် ကုန်သည်များအတွက် နယ်စပ် ကုန်သွယ်ရာတွင် ငွေပေးချေမှုပြုလုပ်ရန် RAM အကောင့်များ ဖွင့်လှစ်နိုင်ကြောင်း ကြေညာထားခဲ့သည်ကိုလည်း တွေ့ရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေး သံမှူးများ၏ ပေးပို့မှု အချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊