မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်(ယွမ်) ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ  ၈


မြန်မာ   -  တရုတ်  နှစ်နိုင်ငံ ကုန်သွယ်မှု  ဆောင်ရွက်ရာတွင် တရုတ်(ယွမ်) ငွေစာရင်း(Account) ဖွင့်လှစ်၍    ငွေပေးချေမှုဆောင် ရွက်ရန်ကိစ္စနှင့်    ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC)   ဘဏ်တို့မှ   ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးမြို့ Pullman Mandalay Mingalar ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကျင်းပသည်။

 


အခက်အခဲများ ဖြေရှင်းပေးမည်


ရှေးဦးစွာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေက မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု   ဆောင်ရွက် ရာတွင် ယွမ် - ကျပ် တိုက်ရိုက် အသုံးပြု       ပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ် များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူး များကို ပြောကြားခဲ့ပြီး ကုန်သွယ် မှုနှင့်    ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး    ဗဟို ကော်မတီ၊ အတွင်းရေးမှူး စီးပွား ရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးညွန့်အောင်က    တရုတ်(ယွမ်) ငွေစာရင်း(Account) ဖွင့်လှစ်၍ ငွေပေးချေမှု   ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့်   အခက်အခဲ များအပေါ်    ဝိုင်းဝန်းဆွေးနွေး ကြရန်နှင့် ယင်းအခက်အခဲများ ကို ဖော်ထုတ်ပြီး သက်ဆိုင်ရာဌာန များမှ   ပူးပေါင်းပါဝင်  ဖြေရှင်း ဆောင်ရွက်ပေးသွားမည်    ဖြစ် ကြောင်း ပြောကြားသည်။

 


ယင်းနောက်    အခမ်းအနား သို့    တက်ရောက်လာကြသည့် ကုန်သည်      လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်းဆိုင်ရာ အစီအစဉ် များ၊ ငွေပေးချေမှုနည်းလမ်းများ၊ အဆိုပြုရမည့်   ငွေလဲလှယ်နှုန်း များ၊    နယ်စပ်ကုန်သွယ်ရေး အတွက် ရယူရမည့် ကုန်သွယ်မှု ဆိုင်ရာ  အထောက်အထားများ၊ ဘဏ်စရိတ်နှုန်းထားများ ငွေကြေး ထောက်ပံ့မှု    အစီအစဉ်များနှင့် ပတ်သက်၍    မေးမြန်းကြရာ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး၊ ICBC နှင့် BOC တို့မှ တာဝန်ရှိသူများက  ဘဏ် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စ ရပ်များကို     ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 


ပေါင်းစပ်ညှိနှိုင်းဆွေးနွေး


ယင်းနောက်       မြန်မာနိုင်ငံ တော်ဗဟိုဘဏ်      ဒုတိယဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေက   ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး      စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊        ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ   မှန်ကန် မြန်ဆန်စေရေး အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာမှ    တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များ၊      မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ် များအသင်းနှင့်    ပုဂ္ဂလိကဘဏ် များမှ တာဝန်ရှိသူများ၊ Bank of China  နှင့်   Industrial  and Commercial  Bank  of China (ICBC)    နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး   ကုန်သွယ်မှုနှင့်  ကုန်စည် စီးဆင်းမှုများ    မှန်ကန်မြန်ဆန် စေရေး   ဗဟိုကော်မတီ     တွဲဖက် အတွင်းရေးမှူးနှင့်  ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊    မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များ     အသင်းချုပ် ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး ရှိ   ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ   တာဝန်ရှိသူ များသည်    ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်  တက်ရောက်ခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်