
နေပြည်တော် မေ ၁၈
ရုရှားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ သို့ ပိုမိုဝင်ရောက်လာရေးအတွက် မြန်မာ - ရုရှား ခရီးသွားမြှင့်တင် ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ (Familiari-zation-FAM Trip) ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ Myanmar Airways International (MAI)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Ural Airlines ၏ မြန်မာကိုယ်စားလှယ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ် အစီအစဉ်များ (Familiarization-FAM Trip) စတင်အကောင်အထည် ဖော်ရာတွင် ဝန်ကြီးဌာနအနေဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် စည်းမျဉ်း/ စည်းကမ်းအပိုင်းကိုသာ ဆောင် ရွက်သည်မဟုတ်ဘဲ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း၊ အသင်း အဖွဲ့များအနေဖြင့် ခရီးစဉ် လမ်းကြောင်းများ၊ တည်းခိုနေရာ ချထားရေးများ၊ Social influe-ncer ကဲ့သို့ ဖိတ်ကြားသွားမည့်သူ များနှင့် ပြီးပြည့်စုံသောခရီးစဉ် အစီအစဉ်များ (Package Tour)ကို စနစ်တကျရေးဆွဲပြီး ဝန်ကြီး ဌာနသို့ အမြန်ပေးပို့ရန် လို ကြောင်း၊ ယင်းခရီးစဉ် အစီအစဉ် များရရှိပါက တစ်ဖက်နိုင်ငံရှိ အစိုးရ၊ အသင်းအဖွဲ့များနှင့် ခရီး သွားလုပ်ငန်း လုပ်ကိုင်သူများထံ သို့ အကြောင်းကြားသွားမည် ဖြစ် ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရုရှား-မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ ရုရှားခရီး သွားဧည့်သည်များ လာရောက် ရေးအတွက် ယခုချစ်ကြည် ရင်းနှီးမှုဆိုင်ရာ ခရီးစဉ် ဖန်ထရစ် (FAM Trip) ဖြင့် စတင်အကောင် အထည်ဖော်လိုကြောင်း၊ မြန်မာ နိုင်ငံနှင့်စပ်လျဉ်းသည့် မဟုတ် မမှန် သတင်းအမှားများကို social media များတွင် ဖြန့်ဝေနေမှုများ ရှိနေပါကြောင်း၊ ယခုအစီအစဉ် တွင် ပါဝင်လာကြမည့် ရုရှား influencer များနှင့် မီဒီယာများက အမှန်တကယ် ပကတိအခြေအနေ ကို မြင်တွေ့ပြီး အပြုသဘော ဆောင် အကောင်းမြင်မှုရှိသော သတင်းများ ပြန်လည်ဖြန့်ဝေကြ ရန် ရည်ရွယ်ပါကြောင်း၊ ယခု ဖန်ထရစ် (FAM Trip) အစီအစဉ် သည် ရုရှားခရီးသွားဧည့်သည်များ ပိုမို ဝင်ရောက်လာရေးအတွက် အထောက်အပံ့တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ပခရီး သွားဧည့်သည်များ ပိုမိုဝင်ရောက် လာပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် လေကြောင်းလိုင်းများမှ တာဝန် ရှိသူများက ဖန်ထရစ် (FAM Trip) စီစဉ်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ များ ဖွဲ့စည်းထားရှိမှု၊ ဖိတ်ခေါ်မည့် သူများ ရွေးချယ်ရေး၊ ခရီးစဉ် လမ်းကြောင်းများ စီစဉ်ထားရှိမှု နှင့် လေကြောင်းလိုင်းပြေးဆွဲနိုင်မှု တို့ကို ကဏ္ဍအလိုက် တင်ပြကြပြီး တင်ပြချက်များအပေါ် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်