
ရန်ကုန် မတ် ၂
JICA Myanmar Office မှ Senior Repre- sentative Mr. ONO Shotaro ၊ မြန်မာ-ဂျပန် စင်တာမှ Chief Advisor Mr. Kunihiro YAMAUCHI နှင့် တာဝန်ရှိသူများသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတ် ၁ ရက်က လမ်းမတော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ လာ ရောက်၍ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း နှင့် တာဝန်ရှိသူများကို လာရောက်တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် မြန်မာ-ဂျပန်စင်တာ၏ Chief Advisor က မြန်မာ-ဂျပန်စင်တာသည် Private Sector Development အတွက် JICA မှ ပံ့ပိုးကူညီပေးသည့် Project များထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး ကုန်သည်/စက်မှုအသင်းချုပ် ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ထားခြင်း ဖြစ်ကြောင်း၊ မြန်မာ-ဂျပန်စင်တာ Project သည် မတ် ၃၁ ရက်တွင် သက်တမ်းပြည့် မြောက်ပြီဖြစ်သော်လည်း နှစ်ဖက်သဘော တူညီမှုဖြင့် သုံးနှစ် ထပ်မံသက်တမ်းတိုး၍ လာမည့် သုံးနှစ်အတွင်း မြန်မာလူငယ်များ အတွက် Young Leader Program များကို ဦးစားပေး ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါ ကြောင်း၊ အသင်းချုပ်အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အသင်းချုပ်တွင် မြန်မာ-ဂျပန် စင်တာ စတင်ဖွင့်လှစ်သည်မှစ၍ သင်တန်း များ အများအပြား ဖွင့်လှစ်သင်ကြားပို့ချနိုင်ခဲ့ ပြီး Business Community အတွက်သာမက လူငယ်လူရွယ်များအတွက်ပါ များစွာ အထောက်အကူပြုခဲ့ကြောင်း၊ မြန်မာ-ဂျပန် စင်တာနှင့် ကုန်သည်/စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့် ရရှိခဲ့သည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွား မည်ဖြစ်ပြီး ရှေ့ဆက်၍လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
မျိုးမင်းသူရ