
နေပြည်တော် မေ ၅
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးသည်ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌ Mr. WATAN-ABE Hideo နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင်အတွေ့ အကြုံနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ထုတ်ပေးရေး၊ သိုလှောင် ပို့ဆောင်မှုစနစ်များ ဖွံ့ဖြိုးရေး၊ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ စိန် တစ်လုံးသရက်နှင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ အရည် အသွေးမြင့် စိုက်ပျိုးထုတ်လုပ်ရေး နှင့် ဈေးကွက်ဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်