မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စွမ်းအင်နှင့် ကုန်သွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော် မတ် ၁၈


နိုင်ငံခြားရေး            ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်သည်    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်    လွှဲအပ်ခြင်း ခံရသော        ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ  အယ်လ်စုဘိုင် အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ     နိုင်ငံခြားရေး ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး၏    ဧည့်ခန်းမ၌    လက်ခံ တွေ့ဆုံသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက     သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ  အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော     ဆော်ဒီ အာရေဗျ နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း   ခံရသည့် အတွက်   ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့ပြီး    မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု    ပိုမို ခိုင်မာစေရေး၊    စွမ်းအင်နှင့် ကုန်သွယ်ရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ    အကျိုးတူ   ပူးပေါင်း ဆောင်ရွက်မှုများ  တိုးမြှင့်ရေးနှင့် နိုင်ငံတကာ         မျက်နှာစာတွင်  ပူးပေါင်းဆောင်ရွက်ရေး     ကိစ္စရပ် များနှင့်စပ်လျဉ်း၍    ခင်မင်ရင်းနှီး စွာ   အမြင်ချင်းဖလှယ်   ဆွေးနွေး ခဲ့ကြသည်။ 


သတင်းစဉ်