မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ (MoU) အရ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၁၈


မြန်မာ  - အိန္ဒိယ နားလည်မှုစာချွန်လွှာ(MoU)အရ   အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်        ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး    ဦးအောင်ထွန်းခိုင်၊    အမြဲတမ်း အတွင်းဝန်၊   အိန္ဒိယနိုင်ငံသံရုံးမှ   ပထမအတွင်းဝန် Mr. Jitendra Rawat နှင့် Liaison Officer Mr. Gautam Pandey ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး   ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူများ၊    အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်နယ်အဆင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများက Online မှ တက်ရောက်ခဲ့ကြသည်။

 


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက မြန်မာ - အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU) အရ အိန္ဒိယနိုင်ငံအစိုးရက   တစ်နှစ်လျှင်  အမေရိကန် ဒေါ်လာ   ငါးသန်းဖြင့်  ငါးနှစ်အတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ပေးမည်ဖြစ်၍ ပထမနှစ် အတွက် အိန္ဒိယနိုင်ငံ အစိုးရက ရခိုင်ပြည်နယ်အတွင်း နေအိမ်အလုံး  ၂၅၀  ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊   ဒုတိယနှစ်အတွက်   စီမံကိန်းလုပ်ငန်း ၁၃  ခုမှာလည်း  သဘောတူညီချက် ရရှိပြီးဖြစ်ကာ ဝန်ကြီးဌာနက စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် (၄)ဆင့်  သတ်မှတ်ဖော်ထုတ်ထားပြီး သက်ဆိုင်ရာဌာနများက   စနစ်တကျ  အကောင် အထည်ဖော်        ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယနှစ် စီမံကိန်းလုပ်ငန်း  ၁၇  ခုကို Proposal ပေးပို့ထားခြင်းနှင့်စပ်လျဉ်း၍     အိန္ဒိယနိုင်ငံသံရုံး တာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   အပါအဝင် သက်ဆိုင်ရာ   ဌာနအသီးသီးတို့နှင့်   တွေ့ဆုံညှိနှိုင်း ဆွေးနွေးလိုကြောင်း      နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် အကြောင်းကြားလာသဖြင့် ယနေ့အစည်း အဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ ဖြင့်  ဆွေးနွေးခြင်းမပြုမီ  ရခိုင်ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ     လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေသော  ဦးစီးဌာနတာဝန်ရှိသူများနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီး ယနေ့အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ခဲ့ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော် ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ဖော်ထုတ်ခဲ့ ပြီး စီမံကိန်းအကောင်အထည်ဖော်ရေး ပိုမိုထိရောက် စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း  MoU  ပါ စီမံကိန်းလုပ်ငန်းများ ၏ ဆောင်ရွက်ပြီးစီးမှု၊ တွေ့ကြုံရသည့် အခက်အခဲ များ၊  ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မှု နှင့်    တတိယနှစ်စီမံကိန်း   လုပ်ငန်းများတွင် ဆောင်ရွက်ရန်  အခက်အခဲရှိသည့် လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်သွားရန်ရှိပါကြောင်း ဆက်လက် ဆောင်ရွက်မည့်    အခြေအနေများနှင့်  စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း    အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် အိန္ဒိယနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Jitendra Rawat က  နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ယခုလို ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး အိန္ဒိယ နိုင်ငံက ထောက်ပံ့ပေးလျက်ရှိရာ စီမံကိန်းရန်ပုံငွေများသုံးစွဲရာတွင်    စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းများတွင်     စွမ်းဆောင်ရည်မြှင့်တင်သော စီမံကိန်းများ       ထည့်သွင်းဆောင်ရွက်စေလိုပါ ကြောင်း၊  ယနေ့ အစည်းအဝေးပြီးသည့်အချိန်တွင် အဆိုပြုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး   အသေးစိတ် အချက်အလက်များရရှိသည်နှင့် တစ်ပြိုင်နက် အိန္ဒိယ နိုင်ငံအစိုးရသို့     ချက်ချင်းပေးပို့ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက် အစည်းအဝေး တက်ရောက်လာ ကြသော  ဝန်ကြီးဌာနများမှ  တာဝန်ရှိသူများ၊ ရခိုင် ပြည်နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြ ထားသည့်    တတိယနှစ်စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းတန်ဖိုးပြောင်းလဲလိုမှု၊ လုပ်ငန်း နေရာပြောင်းလဲဆောင်ရွက်လိုမှု၊   အဆောက်အဦအတိုင်းအတာပြောင်းလဲလိုမှုကိစ္စများ၊     လုပ်ငန်း အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ရာ     ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ ကြောင်း သိရသည်။


သတင်းစဉ်