မင်းလှမြို့နယ် ငရုတ်‌ကောင်းတဲတိုက်အနီး၌ ဘိန်းစိုက်ခင်း ၄ ဒသမ ၅ ဧကခန့် ဖျက်ဆီး

 

အထက်မင်းလှ    ဇန်နဝါရီ   ၁၂


မကွေးတိုင်းဒေသကြီး     မင်းလှ မြို့နယ်     ပနီဆုံကျေးရွာအုပ်စု    ငရုတ်‌ကောင်း     တဲတိုက်တွင်       ဘိန်းခင်းများ      စိုက်ပျိုးထား ကြောင်း   သတင်းပေးချက်အရ ဘိန်းခင်းရှာဖွေရေး စစ်ကြောင်း အဖွဲ့မှ  သွားရောက်ရှာဖွေခဲ့ရာ   ယ‌မန်နေ့နံနက်ပိုင်းက    လျှို့ဝှက် စိုက်ပျိုးထားသော ဘိန်းခင်းများ       ရှာဖွေတွေ့ရှိခဲ့ကြောင်း        သိရ သည်။

 


မင်းလှမြို့နယ်  ပနီဆုံကျေးရွာ အုပ်စု    ငရုတ်ကောင်းတဲတိုက် တွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းခင်းများရှိကြောင်း သတင်း အရ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင် ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မလွန်တပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် ဘိန်းခင်းရှာဖွေ ရေးစစ်ကြောင်းအဖွဲ့သည် ယမန် နေ့နံနက်ပိုင်းက စတင်ရှာဖွေခဲ့ရာ နံနက် ၁၁ နာရီ   မိနစ်   ၅၀  က    ငရုတ်ကောင်းတဲတိုက်၏ အနောက် တောင်ဘက်   ၅  မိုင်ခန့်အကွာရှိ ရခိုင်ရိုးမအစပ်      ဆင်တစ်မျှော် တောင်ကြားတွင် ဘိန်းပင်တစ်ပေ မှ သုံးပေခန့်၊  အချင်းတစ်လက်မ ခန့်ရှိအသီးများ၊ အချင်းတစ်လက်မ ခွဲခန့်ရှိအပွင့်များပါ     ဘိန်းခင်း နှစ်ဧကခန့်နှင့် အဆိုပါ ဘိန်းခင်း ဖြင့်     သုံးဖာလုံခန့်အကွာတွင် ဘိန်းပင်နှစ်ပေမှ         လေးပေခန့်၊ အချင်းတစ်လက်မခန့်အသီးများ၊ အချင်းနှစ်လက်မခန့်ရှိ       အပွင့် များပါ ဘိန်းခင်း၂ ဒသမ ၅ ဧကခန့် ကို  ထပ်မံတွေ့ရှိခဲ့သည်။

 


အဆိုပါ လျှို့ဝှက်စိုက်ပျိုးထားသည့်ဘိန်းခင်းများကို   ဘိန်းခင်း ရှာဖွေရေး       စစ်ကြောင်းအဖွဲ့မှ ဖျက်ဆီး       ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)