မင်းလှမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ၆၀၀၀၀ ကို မြေအစိုဓာတ်ရရှိချိန်တွင် အခမဲ့ဖြန့်ဝေပေးမည်

 

မင်းလှ   မတ်   ၃
ပဲခူးတိုင်းဒေသကြီး    မင်းလှမြို့နယ် သစ်တောဦးစီးဌာနက    ၂၀၂၂    ခုနှစ် မိုးရာသီ     စိမ်းလန်းစိုပြည်ရေးအတွက် ရွှေဝါမြိုင်   သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း    ၆၀၀၀၀    ပျိုးထောင် ထားရှိကြောင်း မြို့နယ်သစ်တောဦးစီး မှူးထံမှ သိရသည်။ 
ရွှေဝါမြိုင်  သစ်တောပျိုးဥယျာဉ် တွင် ကျွန်း ၂၅၀၀၀၊ မန်ဂျန်ရှား ၃၀၀၀၀၊ ပျဉ်းကတိုး ၁၀၀၀၊ ပိတောက် ၅၀၀ ၊ စိန်တံချူ   ၅၀၀၊   ခရေ   ၈၀၀၊   ကံ့ကော် ၂၀၀၊ စိန်ပန်းကြီး ၁၀၀၀ ၊ ငုရွှေဝါ ၁၀၀၀ စုစုပေါင်း  ပျိုးပင်ပေါင်း   ၆၀၀၀၀  ကို ပျိုးထောင်ထားရှိပြီး ဇွန်လ မြေအစိုဓာတ် ရရှိချိန်တွင် ဒေသခံပြည်သူများ  စိုက်ပျိုး နိုင်ရန်    အခမဲ့     ဖြန့်ဝေပေးမည်ဖြစ် ကြောင်း     မြို့နယ်သစ်တောဦးစီးမှူး ဦးဆန်းတင်က ပြောသည်။

 


ထို့အပြင် မြို့ချောင်း-စိန်ကန့်လန့် လမ်းဘေး ၁၆  မိုင် ၄ ဖာလုံရှိ ဗိုလ်ရုံ စိုက်ခင်းပျိုးဥယျာဉ်    မုက္ခာကြိုးဝိုင်း အကွက်အမှတ်(၄၁) တွင် ၂၀၂၂ မိုးရာသီ စိုက်ပျိုးရန်    စီးပွားရေးကျွန်းစိုက်ခင်း ဧက ၂၆၀   အတွက်   သေပင်ဖာထေးရန် နှင့် ကျွန်းပျိုးပင်ပေါင်း   ၁၀၄၄၀  ကျော် နှင့် မုက္ခာကြိုးဝိုင်းအကွက်အမှတ် (၄၀)တွင်  အပင်   ၁၂၉၆၀    ကျော်တို့ကို ပျိုးထောင်ထားပြီး သစ်တောဦးစီးဌာန အနေဖြင့်  ဇွန်လအတွင်း စိုက်ပျိုးသွားရန်   စီစဉ်ထားကြောင်း   သိရသည်။

 


ကျေးရွာသုံးစိုက်ခင်း   အနေဖြင့် မုက္ခာကြိုးဝိုင်းအကွက်အမှတ်(၁၀) တွင် စိုက်ခင်း ၁၀ ဧကအတွက်  မန်ဂျန်ရှား ၁၄၅၂၀ ကိုလည်း  ပျိုးထောင်ထားရှိ ကြောင်း သိရသည်။    

 

ပေါက်စ(မင်းလှ)