မင်းလှမြို့၌ ဂါလန်တစ်သိန်းခွဲဆံ့ ရေစုကန်အမှတ်(၂) တည်ဆောက်လျက်ရှိ

 

အထက်မင်းလှ   အောက်တိုဘာ  ၂၆


မကွေးတိုင်းဒေသကြီး  မင်းလှမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ဂါလန် ၁၅၀၀၀၀ ဆံ့ ရေစုကန်အမှတ်(၂)ကို  ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေ မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက  အောက်တိုဘာ ၂၅ ရက်က ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ    ရေစုကန်ကို    တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့်  အလျား ၇၆ ပေ၊ အနံ ၅၂ ပေ၊ အမြင့်ရှစ်ပေ အရွယ်အစားဆောက်လုပ်ခြင်း ဖြစ်ပြီး    ကွန်ကရစ်အဖုံးလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု‌များကို   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ     ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင် များ၊    မြို့နယ်တည်ဆောက်ရေးကော်မတီဝင် များ၊   မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက      ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ    မြို့နယ်စည်ပင်သာယာရေးအဖွဲ့   အမှုဆောင်အရာရှိ    ဒေါ်နွယ်နွယ်အေးနှင့်     တာဝန်ခံအင်ဂျင်နီယာ     ဦးညီညီထွန်းတို့က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ   ရေစုကန် ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီးပါက     မြို့ပေါ် ရပ်ကွက်သုံးခုမှ    လူဦးရေ  ၈၀၀   အတွက် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။    

ဇာဇာ(အထက်မင်းလှ)