မြင်းခြံမြို့နယ် ဒေါင်းအင်း ရှင်ဒေါင်းမအင်းတွင် ရေလုပ်သားများအား အခြေခံငါးမွေးမြူရေးသင်တန်းဖွင့်လှစ်

မြင်းခြံ   စက်တင်ဘာ   ၁၂
မြင်းခြံခရိုင်   ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်း များ  ဖွံ့ဖြိုးတိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ  အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသအတွင်း   ငါးရိက္ခာများ   ပိုမို စားသုံးနိုင်စေရေးတို့အတွက် မြင်းခြံ မြို့နယ် ထနောင်းကုန်းရွာရှိ  ဒေါင်း အင်း  ရှင်ဒေါင်းမအင်းတွင်   အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက် သင်တန်းကို စက်တင်ဘာ ၁၁ ရက် မှ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင်       ခရိုင်  ငါးလုပ်ငန်းဦးစီးမှူး   ဦးထွန်းတင်က ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက် နေသည့် ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ၊ ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍  ရှင်းလင်းဟောပြောခဲ့ ပြီး  ဒုတိယဦးစီးမှူး  ဒေါ်စပယ်လှိုင် က      ငါးမွေးမြူရေးနှင့်       ပတ်သက် သည့်   အခြေခံအချက်အလက်များ နှင့်   ပတ်သက်၍   လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဒေါ်တည်ငြိမ် အေးက တားမြစ်ထားသည့် ငါးဖမ်း ကိရိယာများအကြောင်း၊    သဘာဝ သယံဇာတများကို    ထိခိုက်စေနိုင် သော ဒေသရင်း မဟုတ်သည့် ငါးမျိုး များ   ရောင်းဝယ်ခြင်း၊   သားဖောက် မွေးမြူခြင်း၊      သယ်ယူပို့ဆောင် ခြင်း   မပြုလုပ်ရန်    တားမြစ်ထား ခြင်း     စသည်တို့ကို   ဟောပြောပို့ချ ပြီး  ရေလုပ်သားများကလည်း   သိလို သည်များ    ပြန်လည်ဆွေးနွေးခြင်း များကို ဆောင်ရွက်သည်။သင်တန်း သို့   ရေလုပ်သား  ၂၀  တက်ရောက် ကြောင်း သိရသည်။        သတင်းစဉ်