
အူလန်ဘာတာ မေ ၂၀
မွန်ဂိုလီးယားအရှေ့ပိုင်းပြည်နယ် များဖြစ်သည့် ဆုခ်ဘာတာနှင့် ကန်တီပြည်နယ်တို့တွင် သဲမုန်တိုင်း နှင့် နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်မှုကြောင့် အဆောက်အအုံ များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပြီး ဓာတ်အားလိုင်းများ ပြတ်တောက် မှုဖြစ်ပေါ်ခဲ့ရသည်ဟု အာဏာပိုင် များက မေ ၂၀ တွင် ပြောသည်။
မေ ၁၉ ရက် နံနက်ပိုင်းမှ စတင်ကာ လေပြင်းများ တစ် စက္ကန့်လျှင် မီတာ ၃၀ နှုန်းဖြင့် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများ ကို ဝင်ရောက်တိုက်ခတ်ခဲ့သည် ဟု အမျိုးသားအရေးပေါ် စီမံခန့်ခွဲ ရေး အေဂျင်စီက ပြောသည်။ ပြည်နယ် နှစ်ခုတွင် လူပေါင်း ၁၂၀ ကျော်ပျောက်ဆုံးခဲ့ပြီး ၁၀၄ ဦးကို အသက်ရှင်လျက်ပြန်လည် တွေ့ရှိခဲ့သည်ဟု အဆိုပါအေဂျင်စီ က ပြောသည်။
နောက်ထပ် ပျောက်ဆုံးနေသူ များကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ တွင်လည်း ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ သီတင်းပတ် တစ်ပတ်လုံး ရာသီဥတုအခြေအနေ မှာ ဆိုးရွားနေဦးမည်ဟု မြို့ တော်အပါအဝင် အခြားသော နေရာများတွင်လည်း သက်ရောက် မှုများရှိဦးမည်ဟု နိုင်ငံမိုးလေဝသ စောင့်ကြည့်ရေး အေဂျင်စီက ပြောသည်။
ပြည်သူများအနေဖြင့် ဖြစ်ပေါ် လာနိုင်မည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ထားကြ ရန်လည်း တိုက်တွန်းထား သည်။
ဆင်ဟွာ